နိုင်ငံတိုင်းမှာ သူတိုရဲ့ရိုးရာယဉ်ကျေးမှူတွေ ရှိကြပြီးကိုရီးယားမှာ သူတိုတန်ဖိုးထားရတဲ့ ယဉ်ကျေးမှုစံနှုန်း တွေရှိကြပါတယ်။ ဒါကို ကိုရီးယားဇာတ်ကားတွေကြည့်တာနဲ့ အလွယ်တကူတွေ့နိုင်ပါတယ်။ ဒါပေမယ့် သူတို့လည်းကျနော်တို့လိုပါပဲ သူတိုရဲ့ယဉ်ကျေးမှုကို အားလုံးကိုတော့ လိုက်မလုပ်နိုင်ကြတဲ့လူတွေအများကြီးပါ။
အနုပညာရှင်တွေဟာလည်း ရုပ်ရှင်ထဲမှာတော့ ယဉ်ကျေးပေမယ့် အပြင်မှာတော့ ခပ်ချေချေနေတတ်သူတွေအများကြီးပါ။ ဒါပေမယ့် အဲ့ဒီထဲမှာ Lisa တော့မပါပါဘူး။ ကိုရီးယားတွေရဲ့ ယဉ်ကျေးမှုမှာ စီနီယာ၊ ဂျူနီယာ ဆက်ဆံရေးကိုအလေးထားတတ်ကြပြီး ကိုယ့်ထက်ကြီးသူတွေ၊ ကိုယ်နဲ့ တခါမှမတွ့ဖူးတဲ့ လူတွေနဲ့တွေ့ရင် ခါးကိုင်းပြီး ဦးညွှတ်နှုတ်ဆက်တတ်ပါတယ်။
နောက်ပြီး ကိုရီးယားတွေဟာ သတင်း media တွေ၊ ပရိသတ်တွေနဲ့ လူထုနဲ့ တွေ့တဲ့အခါ ဦးညွှတ်နှုတ်ဆက် တတ်ပါသေးတယ်။ ကိုရီးယားလူမျိုးမဟုတ်တဲ့ လူတွေကတော့ ဦးညွှတ်တာဟာမလိုဘူးလို ထင်ကောင်းထင်နိုင်ပေမယ့်၊ ကိုရီးယားမှာတော့ ဒါဟာ လေးစားမှုနဲ့ သိတတ်နားလည်ခြင်းကို ပြတဲ့လက္ခဏာပါ။
Lisa ဟာ သူ့ရဲ့အနီးပတ်ဝန်ကျင်က လူတွေကို ဂရုစိုက်တတ်တဲ့နေရာမှာနာမည်ကြီးပါတယ်။ တလောက V, Lisa နဲ့ Park Bo Gum တို သုံးဦးသား ပြင်သစ်မှာပွဲအတူတက်ခဲ့ကြပြီး အဲ့ပွဲမှာ Lisa ရဲ့ဆက်ဆံရေးအကြောင်း အသေးစိတ်သိခဲ့ရပါတယ်။မထင်မှတ်ပဲဖမ်းမိတဲ့ ဓာတ်ပုံတွေမှာ Lisa က V ကို အကိုကြီး လိုခေါ်တာတွေ့ရပြီး V ရော Park Bo Gum ကိုရော သေချာဂရုစိုက်ပေးတာကိုတွေ့ရပါတယ်။
ပြီးတော့ ပြင်သစ်ကနေပြန်လာချိန်မှာ Lisa ရဲ့ ပရိသတ်တွေနဲ့ မီဒီယာကိုတုံပြန်ပုံကတော့ အားလုံးကချီးကျူးလောက်ပါတယ်။Lisa က လေဆိပ်ကထွက်ထွက်ခြင်းမှာပဲ ခါးကိုင်းပြီး မီဒီယာတွေနဲ့ fans တွေကိုနှုတ်ဆက်သွားခဲ့တာကြောင့် ဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူ တော်တော်များများကတော့ Lisa ရဲ့အခုလုပ်ရပ်ကို ချီးကျူးကြပြီး လီဆာဟာ အလွန်ကြင်နာတတ်ကြောင်း ပြောနေကြပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။