Insomnia ဆိုတာ အိပ်စက်ခြင်းစက်ဝန်း ကစဥ့်ကလျားဖြစ်တာပဲဖြစ်ပါတယ်။ အိပ်ပျော်ဖို့အတွက်ခက်ခဲနေတာ ဒါမှမဟုတ် မအိပ်စက်ပဲနေမိနေတာမျိုးဖြစ်ပါတယ်။ Insomnia မှာ ရေရှည်ဖြစ်တာနဲ့ ရေတိုဖြစ်တာဆိုပြီး အခြေအနေ (၂) မျိုး ရှိပါတယ်။ ရေတိုဖြစ်တဲ့ Insomnia ဟာ ၁ ည ကနေ ရက်သတ္တပတ်အနည်းငယ်ထိ ကြာရှည်နိုင်ပြီး ရေရှည်ဖြစ်တဲ့ Insomnia ကတော့ တစ်ပတ်ကို ၃ ညလောက်ဖြစ်လေ့ရှိကာ ၃ လ နဲ့ အထက်ထိကို ကြာရှည်နိုင်ပါတယ်။ Insomnia ဆိုတာ အိပ်စက်ခြင်းစက်ဝန်း ကစဥ့်ကလျားဖြစ်တာပဲဖြစ်ပါတယ်။ အိပ်ပျော်ဖို့အတွက်ခက်ခဲနေတာ ဒါမှမဟုတ် မအိပ်စက်ပဲနေမိနေတာမျိုးဖြစ်ပါတယ်။ Insomnia မှာ ရေရှည်ဖြစ်တာနဲ့ ရေတိုဖြစ်တာဆိုပြီး အခြေအနေ (၂) မျိုး ရှိပါတယ်။ ရေတိုဖြစ်တဲ့ Insomnia ဟာ ၁ ည ကနေ ရက်သတ္တပတ်အနည်းငယ်ထိ ကြာရှည်နိုင်ပြီး ရေရှည်ဖြစ်တဲ့ Insomnia ကတော့ တစ်ပတ်ကို ၃ ညလောက်ဖြစ်လေ့ရှိကာ ၃ လ နဲ့ အထက်ထိကို ကြာရှည်နိုင်ပါတယ်။

Insomnia အမျိုးအစား

Insomnia အမျိုးအစား (၂) မျိုးရှိပြီး ပထမအမျိုးအစားက အခြားသော ကျန်းမာရေးဆိုင်ရာပြဿနာတွေနဲ့ ဆက်စပ်မှုမရှိတဲ့ အိပ်မရခြင်းမျိုးဖြစ်ပြီး ဒုတိယအမျိုးအစားကတော့ ပန်းနာရင်ကျပ်၊ ကင်ဆာ နဲ့ ရင်ပူရင်ဆာဖြစ်ခြင်းတို့လို ကျန်းမာရေးဆိုင်ရာပြဿနာတွေကြောင့် အိပ်စက်မရတာမျိုးပဲဖြစ်ပါတယ်။

Insomnia မှန်းသိစေတဲ့အချက်

Insomnia မှန်းသိသာစေတဲ့အချက်တွေကတော့ အိပ်စက်တဲ့အခါမှာ တစ်ညလုံးအိပ်မပျော်ဘဲရှိနေပြီး အိပ်စက်ဖို့အတွက် အခက်အခဲရှိနေတာပဲဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် အချိန်လုံလုံလောက်လောက် အိပ်တယ်လို့ထင်နေပေမယ့်လည်း တကယ်တမ်းမှာတော့ အဲ့ဒီလောက်အိပ်စက်မထားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ Insomnia ရှိသူတွေဟာ တစ်နေ့လုံး မအိပ်ပျော်ဘဲရှိနေမယ်၊ ပင်ပန်းနွမ်းလျနေမယ်၊ စိတ်တိုလွယ်နေမယ်၊ နောက်ပြီး အာရုံစူးစိုက်ခြင်းနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ အားနည်းနေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် အဝလွန်ခြင်းနဲ့ သွေးပေါင်တက်ခြင်းနဲ့ စိတ်ကျရောဂါ ကိုပါခံစားရတတ်ပါတယ်။

Insomnia ဖြစ်စေတဲ့အရာ

Insomnia ဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုကနေ ဖြစ်လာနိုင်သလို ပတ်ဝန်းကျင်မှာရှိတဲ့ အလင်းရောင်၊ ဆူညံမှု နဲ့ အပူချိန်တွေနဲ့ ဆက်စပ်ပြီးလည်းဖြစ်နိုင်ပါတယ်။ နိုင်ငံရပ်ခြားထွက်တဲ့အခါ ကမ္ဘာ့စံတော်ချိန်ဇုံပြောင်းတဲ့အတွက် ကိုယ်တွင်းဇီဝနာရီက အလိုက်သင့် လိုက်မမီနိုင်လို့ ဖြစ်ပေါ်လာတဲ့ ပင်ပန်းနွမ်းနယ်မှုကနေလည်း ဖြစ်တတ်ပါတယ်။

Insomnia ကို ပုံမှန်အားဖြင့် အမျိုးသားများထက် အမျိုးသမီးတွေမှာ တွေ့ရလေ့ရှိပြီး အသက်ကြီးသူတွေမှာ အဖြစ်များတာပဲဖြစ်ပါတယ်။ အခုအခါမှာတော့ လူငယ်အမျိုးသား၊ အမျိုးသမီးတွေမှာပါ အဖြစ်များ လာတာပဲဖြစ်ပါတယ်။ အိပ်ရာဝင်ခါနီး ဖုန်းမသုံးပဲနေတာ၊ ညဘက် ကဖိန်းဓာတ်ရှောင်တာ၊ အိပ်စက်တဲ့နေရာကို သက်တောင့်သက်သာရှိအောင်ပြုလုပ်တာမျိုးတွေနဲ့ Insomnia ကို အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။ ရေတို Insomnia ကို ကုသဖို့အတွက် အထူးတလည်မလိုအပ်ပေမယ့် နာတာရှည်ဖြစ်ခြင်းကိုတော့ ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ကုသတာမျိုး ပြုလုပ်သင့်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။