အဆိုတော် မိစန္ဒီဟာဆိုရင်  အချစ်သီချင်း၊ အဆွေးသီချင်း ၊ မြူးမြူးကြွကြွ သီချင်းကောင်းလေးတွေကို အသံစူးစူးလေးနဲ့ သီဆိုလေ့ရှိတဲ့သူဖြစ်ပါတယ်။ အနုပညာလောကထဲကို စတင်ရောက်ရှိခဲ့စဉ်ကတည်းက ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက် ရရှိထားတဲ့ အဆိုတော် မိစန္ဒိဟာ သိပ်မကြာခင်အချိန်မှာ ချစ်ရသူနဲ့ လက်ထပ်တော့မှာပဲဖြစ်ပါတယ်။ 

Mi Sandi’s Facebook

အဆိုတော် မိစန္ဒီဟာဆိုရင် သူမရဲ့ သတို့သားလောင်းကို လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ တစ်ဆင့် တရားဝင်အသိပေးကြေညာထားတာဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မိစန္ဒီက သတို့သားနဲ့အတူ တွဲရိုက်ထားတဲ့ မင်္ဂလာ အကြိုဓာတ်ပုံလေးတွေကို အခုလိုလေး  ဝေမျှပေးလာခဲ့ပါတယ်။ 

Mi Sandi’s Facebook

“❤️အခိုင်အမာ ဆုံးဖြတ်ထားလိုက်ပြီ တစ်ဘဝလုံးသက်ဆုံးတိုင် အထိ ❤️✨

အရင်ကလို shooting တွေ မဟုတ်ဘဲ..

ဒါက မိစန္ဒီ ချစ်ရတဲ့ တကယ့် သတို့သား အစစ်နဲ့ ရိုက်ထားတာလေးတွေ အမှတ်တရ ဝေမျှခွင့်ပြုပါရှင် ☺️??

အရမ်းကြီး မိန်းကလေးလည်း မဆန်ချင်ဘူး.. rapper လို bling bling လေးတွေ လည်း ဝတ်ချင်တယ်.. အဆိုတော်ပုံစံ music theme လေးလည်း ဖြစ်ချင်တယ်ဆိုလို့  သမီး ဘာမှ လှည့်ကြည့်ပြီး၊ လုပ်စရာမလိုအောင် အားလုံးready စဉ်းစား စီစဉ်ပေးပြီး ချစ်ခြင်းမေတ္တာများဖြင့် ရိုက်ကူးပေး ကြတဲ့ ချစ်ရတဲ့  သူတွေအားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်.. ?

I’m so blessed to have you all in my life ?”

Mi Sandi’s Facebook
Mi Sandi’s Facebook
Mi Sandi’s Facebook

မင်္ဂလာဆောင်အကြိုဓာတ်ပုံလေးတွေထဲမှာ ပျော်ရွှင်နေတဲ့မမ မိစန္ဒီရဲ့ ပုံရိပ်လေးတွေကို ကြည့်ရတာ တကယ်ကိုကြည်နူးဖို့ကောင်းလှပါတယ်နော်။

Mi Sandi’s Facebook
Mi Sandi’s Facebook

ချစ်ရသူနဲ့ ရွှေလက်တွဲရတော့မယ့်  မမ မိစန္ဒီရဲ့ ချစ်စရာကောင်းလှတဲ့ မင်္ဂလာအကြို ပုံရိပ်လေး​လေးတွေကိုအပျော်တွေကူးစက်သွားစေဖို့ ဖော်ပြပေးလိုက်ပါတယ်။ 

Mi Sandi’s Facebook
Mi Sandi’s Facebook
Mi Sandi’s Facebook
Mi Sandi’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။