တောင်ကိုရီးယားမင်းသား Lee Jae Wook ဟာဆိုရင် ချောမောတည်ငြိမ်တဲ့ မျက်နှာထားနဲ့ ပိုင်နိုင်လွန်းတဲ့သရုပ်ဆောင်ချက်တွေကြောင့် အသက်ငယ်ငယ်လေးနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ နေရာတစ်နေရာ ရရှိထားတဲ့သူလေးဖြစ်ပါတယ်။

Google
Google

 Lee Jae Wook ဟာ ကျောင်းသားလူငယ်လေးများ ဇာတ်လမ်းတွဲ ဖြစ်တဲ့ “Extraordinary you” ဇာတ်လမ်းနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းကြုံးယူခဲ့တာ ဖြစ်ပါတယ်။ 

Google

လက်ရှိမှာဆိုရင် Lee Jae Wook က “The Alchemy Souls “လို့ခေါ်တဲ့ ဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီပဲ ဖြစ်ပါတယ်။ The Alchemy Souls ဇာတ်လမ်းတွဲထဲမှာ Lee Jae Wook  နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး Jung So Min က ဟန်ဆောင် အနမ်း (Playful Kiss ) ဇာတ်လမ်းတွဲနဲ့လူသိများလာခဲ့တဲ့သူဖြစ်ပါတယ်။

Google

 Jung So Min  ဟန်ဆောင်အနမ်းဇာတ်လမ်းတွဲထဲမှာ ပါဝင်ရိုက်ကူးထားတဲ့အချိန်မှာ Lee Jae Wook ရဲ့အသက်က ၁၂ နှစ်ပဲရှိပါသေးတယ်။ တစ်ချိန်က ၁၂ အရွယ်ကောင်လေးက အခုအချိန်မှာတော့ မမကြီးနဲ့အတူ အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်နေပြီဖြစ်တာကြောင့် ပရိသတ်တွေကလည်း တော်တော်လေး အံ့အားသင့်နေကြပါတယ်။ 

Google
Google

လက်ရှိမှာ မမ Jung So Min ရဲ့ အသက်က ၃၃ နှစ်ရှိနေပြီဖြစ်ပြီး Lee Jae Wook ရဲ့အသက်ကတော့ ၂၄ နှစ်အရွယ်ပဲရှိပါသေးတယ်။ 

Google
Google

နှစ်ဦးသားအသက်ကွာခြားမှု အရမ်းမြင့်ပေမယ့် ဇာတ်လမ်းတွဲထဲမှာ လိုက်ဖက်ညီညီသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုလည်း မြင့်တက်လျှက်ရှိပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။