တောင်ကိုရီးယားမင်းသမီး Seo Ye Ji ဟာဆိုရင် ကောင်းမွန်ထိမိလွန်းတဲ့ မျက်နှာထားနဲ့ ဟာကွက်မရှိတဲ့ သရုပ်ဆောင် အမူအယာကြောင့်ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိထားတဲ့သူဖြစ်ပါတယ်။ 

Google

လက်ရှိမှာ ပြသနေတဲ့ Eve ဇာတ်လမ်းတွဲကလည်း Seo Ye Ji ရဲ့ သရုပ်ဆောင်ပညာ ကျွမ်းကျွမ်းမှုကို ပိုင်ပိုင်နိုင်နိုင်ထုတ်ပြနိုင်တဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ Seo Ye Ji  သရုပ်ဆောင်တဲ့ ဇာတ်ကောင်နေရာဖြစ်တဲ့Ra-el ဇာတ်ကောင်က ခံစားမှုပြင်းထန်လွန်းတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။ ဒါကြောင့် သရုပ်ဆောင်တဲ့အပိုင်းကလည်း အပိုအလိုမရှိ ထိမိနေရမှာဖြစ်ပါတယ် ။ စိန်ခေါ်မှုများတဲ့ သရုပ်ဆောင်ပိုင်းဖြစ်လို့ Seo Ye Ji   အတွက်လည်း လွယ်ကူရိုးရှင်းတဲ့ ဇာတ်ကောင်နေရာ မဟုတ်မှာတော့ သေချာပါတယ်။ 

Google 
Google 

ဒါပေမယ့်လည်း မကြာသေးမီကထုတ်လွှင့်ခဲ့တဲ့ Eve ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်းမှာ Seo Ye Ji  ရဲ့ သရုပ်ဆောင်ပိုင်းက ပိုလွန်းတယ်လို့ဆိုကာ ဝေဖန်ခြင်း ခံနေရပါတယ်။ 

Insider

တင်းမာမှု အပြင်းထန်ဆုံးအပိုင်းဖြစ်တဲ့ Eve ရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ Ra-el (Seo Ye Ji ) က “ငါ့ကို ငရဲပို့တဲ့သူတွေကို အသက်ရှူရပ်တန့်ပစ်အောင် လုပ်ပစ်မယ်” လို့ပြောခဲ့ပါတယ်။ Dialogue တွေက ထိမိပြီးကောင်းမွန်နေပေမယ့် Seo Ye Ji  ရဲ့ အမူအရာနဲ့ အသံက ပြင်းထန်လွန်းနေတာကြောင့် ကြည့်ရှုသူတွေက ဝေဖန်တဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

Insider

မှတ်ချက်တွေ ထဲမှာ “Seo Ye Ji  ရဲ့အသံက လေးလေးကြီးဖြစ်သွားတာကိုပဲ အာရုံစိုက်မိနေတယ်။ “”သရုပ်ဆောင်တာက ပိုပြီး ရယ်စရာကြီးဖြစ်နေတယ်””အသံက ဟီလီယမ်ဂတ်စ်  အသံကြီး ဖြစ်သွားပါလား”  စတဲ့ မှတ်ချက်တွေ အမြောက်အများ ပေးထားကြပါတယ်။

Insider
Insider
Insider

သရုပ်ဆောင်ပိုင်းကောင်းမွန်ပီပြင်လွန်းတဲ့ မမ Seo Ye Ji   တောင် ဝေဖန်ခံနေရတယ်ဆိုတော့ သရုပ်ဆောင် မကောင်းတဲ့သူတွေဆို ပိုပြီးတောင် ဝေဖန်ခံရမှာပါနော်။ နည်းနည်းလေးမှ အမှားမခံတဲ့ တောင်ကိုရီးယား အနုပညာလောကအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။