ဒီကနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး ရုပ်ရှင်ဖြစ်တဲ့ Your Lie in April  ဇာတ်လမ်းထဲမှာ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြတဲ့ အဓိက သရုပ်ဆောင် နှစ်ယောက် တွဲနေပြီဆိုတဲ့ သတင်းတွေ ထွက်ရှိလာခဲ့ပါတယ်။သတင်းတွေကို ပထမဦးဆုံးစတင်ခဲ့တဲ့သူက ဂျပန် သတင်းဌာနတစ်ခုကဖြစ်ပြီး ဓာတ်ပုံတွေနဲ့တကွ တင်ပေးခဲ့တာဖြစ်ပါတယ်။ 

Google

ဂျပန်သတင်းဌာနရဲ့ အဆိုအရ Your Lie in April ထဲက မင်းသား Kento Yamazaki က မင်းသမီး Hirose Suzu ကိုအဆောက်အဦ အောက်ဘက်မှာစောင့်နေခဲ့တာလို့သိရပါတယ်။ အချိန်အတန်ကြာစောင့်ပြီးနောက်မှာ နှစ်ဦးအတူတူ ကားပါကင်ဆီကို ထွက်သွားကြတယ်လို့ သိရပါတယ်။ 

Google
Google

နှစ်ဦးသားချိန်းတွေ့နေကြတဲ့ သတင်းနဲ့ ပတ်သတ်ပြီး အေဂျင်စီကို မေးမြန်းခဲ့တဲ့ အချိန်မှာလည်း သရုပ်ဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေးကို သရုပ်ဆောင်တွေသာ ကိုင်တွယ်မှာ ဖြစ်တယ်လို့ ဆိုကာ ဖြေရှင်းထားခြင်း မရှိပါဘူး။ 

Google

ပရိသတ်တွေကတော့ သူတို့အားပေးတဲ့ Your Lie In April ဇာတ်လမ်းထဲက သရုပ်ဆောင် နှစ်ဦးအတွက် များစွာဝမ်းမြောက်နေကြပါတယ်။ ကဲ… ပရိသတ်ကြီးကရော ဘယ်လိုလဲ .. သူတို့နှစ်ဦးကို သဘောတူကြလား??

Source - M.afamily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။