မကြာသေးမီက အင်စတာဂရမ်စတိုရီ ပေါ်မှာ တင်ခဲ့တဲ့ G-Dragon ရဲ့ ဓာတ်ပုံတွေကို လူစိတ်ဝင်စားမှုများပြားနေခဲ့ပါတယ်။ လူစိတ်ဝင်စားမှု မြင့်တတ်နေတဲ့ အကြောင်းက G-Dragon တစ်ယောက် ရည်းစားရနေပြီလားဆိုပြီး စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ 

Instagram 

G-Dragon က အဆိုပါ ဓာတ်ပုံတွေကို သူ့ရဲ့ အင်စတာဂရမ်စတိုရီလေးပေါ် မှာ “ငါ့ကိုသတိရနေလား? မင်းဘာလုပ်ချင်နေလဲ? ငါ့ရဲ့ အရာရာ လေး ဖြစ်ပေးပါ။ ငါ့ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ပဲရှိမနေပါနဲ့ “ ဆိုတဲ့ စာသားတွေနဲ့ တင်ပေးလာတာဖြစ်ပါတယ်။  

Instagram 

အဆိုပါ ဓာတ်ပုံလေးကို တင်ပြီးပြီးချင်းမှာ G-Dragon တစ်ယောက် ကောင်မလေး ရှိနေပြီလားဆိုပြီး Netizen တွေက မှတ်ချက်တွေ ပေးထားကြပါတယ်။ 

Instagram 

တချို့ကလည်း အယ်လ်ဘမ် အသစ်ထွက်ရှိဖို့ အခုလိုမျိုးရေးတင်တာလို့ဆိုထားကြပါတယ်။ G-Dragon တစ်ယောက် တကယ်ပဲ ကောင်မလေး ရသွားတာလား .. အယ်လ်ဘမ် အတွက်ပဲလား ဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ G-Dragon ရဲ့ သတင်းအသစ်ကို ဆက်ပြီးစောင့်မျှော်ရင်း အခု အကြောင်း အရာလေးကို ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးရော ဘယ်လိုမျိုးထင်လဲ .. တစ်ခုခုပြောခဲ့ပေးကြပါဦး။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။