မကြာသေးမီက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ “Water Bomb Seoul” အမည်ရ ဖျော်ဖြေပွဲတစ်ခုမှာတောင်ကိုရီးယား နာမည်ကြီး အဆိုတော် ဂျက်စီဟာ သူမရဲ့ မျက်နှာတည့်တည့်ကို ရေသေနတ်နဲ့ အပစ်ခံခဲ့ရပါတယ်။ ဒီအကြောင်းအရာကို ဂျက်စီကိုယ်တိုင် က သူမရဲ့အင်စတာဂရမ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ “သူတို့ကမင်းမျက်နှာကို စိုအောင်လာလုပ်ရင် စတိုင်မပျက် ကျက်သရေရှိရှိလေးနေပြလိုက်ပါ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပေးလာခဲ့တာဖြစ်ပါတယ်။ “NUNU NANA” သီချင်း သီဆိုနေတဲ့ ဂျက်စီကို ပရိသတ်တစ်ယောက်က ရေသေနတ်နဲ့မျက်နှာတည့်တည့်ကို ပစ်လိုက်တဲ့ ဗီဒီယိုကို အောက်မှာ ဝင်ကြည့်လို့ရပါတယ်။ 

Instagram
Google

မျက်နှာတည့်တည့်ကို ရေသေနတ်နဲ့ အပစ်ခံရတာက အရမ်းကို စိတ်ရှုပ်စေပြီး ပူထူသွားစေလောက်အောင် ဒေါသဖြစ်စေတာကို ကြုံဖူးတဲ့သူတိုင်း ခံစားနားလည်ကြမှာပါနော်။ ဂျက်စီလည်း အဲဒီလိုပါပဲ ။ စစချင်းမှာ မျက်နှာပျက်သွားပါတယ်။ 

Google
Google

နောက်ပိုင်းမှာ ပရော်ဖက်ရှင်နယ် ဆန်ဆန်နဲ့ စိတ်ကို ပြန်ထိန်းပြီး သီချင်းဆက်ဆိုသွားခဲ့တာဖြစ်ပါတယ်။ ဂျက်စီရဲ့ ပုံရိပ်က ချီးကျူးဖို့ကောင်းပြီး ပရော်ဖက်ရှင်နယ် ဆန်လွန်းတာကြောင့် ပရိသတ်တွေက ချီးကျူးတဲ့ မှတ်ချက်တွေ အများကြီး ပေးထားကြပါတယ်။ 

Google

“Water Bomb Seoul”  ဖျော်ဖြေပွဲမှာ မျက်နှာတည့်တည့်ကို ရေသေနတ်နဲ့ အပစ်ခံခဲ့ရတာက ဂျက်စီတစ်ယောက်တည်း မဟုတ်ပါဘူး။

Google


 (G)-IDLE အဖွဲ့ဝင် Shuhua လည်း ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ Shuhua ကတော့ နေဗာရဲ့ VLive မှာ “ အခြားသူတွေရဲ့ မျက်နှာကို ဘယ်သူရေသေနတ်နဲ့ လိုက်ပြီးပစ်နေတာလဲ … မျက်လုံး တောင် မနည်း ပြန်ဖွင့်ရတယ်။ မျက်လုံးဖွင့်လို့ရသွားတော့ ၃၀ စက္ကန့်လောက်ဘာမှ မမြင်ရတော့ဘူး” လို့ ဒေါသတကြီး ပြောခဲ့ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။