2 PM အဖွဲ့ဝင်လည်း ဖြစ်သလို အဆိုတော်တစ်ယောက်လည်းဖြစ်တဲ့  Lee Jun Ho ဟာဆိုရင် စစ်မှုထမ်းဆောင်စဉ်ကာလအတွင်းမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ခြင်း မရှိဘူးလို့ဆိုကာ ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ပြင်းထန်စွာ ခံထားရတာဖြစ်ပါတယ်။ ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့တဲ့ “Yoo Quiz on the Block”  အစီအစဉ်မှာLee Jun Ho ပါဝင်ပြီးတဲ့နောက်မှာ ပရိသတ်တွေက သူ့ရဲ့ စစ်မှုထမ်းတာဝန်နဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ အချိန်ခဏလေးအတွင်းမှာ ဝေဖန်မှုတွေက အရမ်းကိုများခဲ့ပြီး trending ဖြစ်သွားပါတယ်။ 

Google

ဝေဖန်ရတဲ့ အကြောင်းအရင်းက Lee Jun Ho က ပြင်းထန်တဲ့ စစ်မှုထမ်းဆောင်မှုကို မပြုလုပ်ဘဲ သက်သာတဲ့ပြည်သူ့ဝန်ထမ်းအဖြစ်သာ တာဝန် ထမ်းဆောင်ခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။  Lee Jun Ho  ဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ နာမည်ကြီး Idol အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အခုလိုမျိုး ဝေခံမှုတွေပြင်းပြင်းထန်ထန် ခံခဲ့ရတာပဲဖြစ်ပါတယ်။ 

Google
Google

ဖြစ်ရပ်မှန်ကို သိတဲ့ ပရိသတ်တွေကလည်း Lee Jun Ho ရဲ့ ဘက်ကနေ ပြန်လည်ဖြေရှင်းမှုလေးတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။ ဖြေရှင်းချက်အရ Lee Jun Ho ဟာ အကလေ့ကျင့်နေရင်းနဲ့ ပြင်းထန်တဲ့ ပုခုံးဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ပုခုံးဒဏ်ရာက ပြင်းထန်လွန်းတာကြောင့် 2PM အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို ဝှီးချဲနဲ့တောင် တက်ရောက်ခဲ့ရတယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိခဲ့ဖူးတာကြောင့် အခြားသူတွေလိုမျိုး ပြင်းထန်တဲ့ စစ်မှုထမ်းတာဝန်တွေကို မထမ်းဆောင်နိုင်တာကြောင့် ပျော့ပြောင်းတဲ့ ပြည်သူ့ဝန်ထမ်းတာဝန်ကို သာ ထမ်းဆောင်ခဲ့တာလို့ သိရပါတယ်။ 

Google

Lee Jun Ho ရဲ့ ပုခုံးဒဏ်ရာ အကြောင်းက မှန်ကန်မှု ရှိမရှိကို စုံစမ်းကြည့်လိုက်တဲ့အခါမှာ ဗီဒီယိုတစ်ခုကိုသက်သေအဖြစ် တွေ့ရှိခဲ့ရပါတယ်။ ဗီဒီယိုထဲမှာ Lee Jun Ho က သူ့ရဲ့ 2PM အဖွဲ့သားတွေနဲ့အတူ အကလေ့ကျင့်နေတာဖြစ်ပါတယ်။ နောက်ပြန်ကျွမ်းထိုးလိုက်တဲ့အချိန်မှာ Lee Jun Ho ရဲ့ ပုခုံးက ကြမ်းပြင်နဲ့ ဆောင့်မိသွားတာကို ထင်ရှားစွာ တွေ့ရှိရပါတယ်။ 

Credit

Lee Jun Ho ရဲ့ အေဂျင်စီဖြစ်တဲ့ JYP အင်တာတိန်းမန့်ကလည်း ၂၀၀၉ ခုနှစ်တုန်းက Lee Jun Ho ရဲ့ ဒဏ်ရာနဲ့ပတ်သတ်ပြီး ကြေညာချက် တစ်ခုထုတ်ပြန်ခဲ့ဖူးပါတယ်။ ဆေးစစ်ချက်အရလည်း Lee Jun Ho ရဲ့ ဆေးအဖြေကအဆင့် ၄ ရရှိခဲ့တာကြောင့် ကြမ်းတမ်းပြင်းထန်တဲ့ စစ်မှုထမ်းတာဝန်တွေအတွက် အဆင်မပြေဘူးဆိုတဲ့ ရလဒ်ရလာခဲ့တယ်လို့ သိရပါတယ်။

Google

Lee Jun Ho ဟာ ပြင်းထန်တဲ့ ကျောကုန်း ဒဏ်ရာကြောင့် ပြည်သူ့ဝန်ထမ်းအဖြစ်သာ စစ်မှု ထမ်းဆောင်ခဲ့ရပေမယ့်တချို့မသိသေးတဲ့ ပရိသတ်တွေက တာဝန်ရှောင်တယ်ဆိုပြီး ဝေဖန်ခဲ့ ကြတာဖြစ်ပါတယ်။ 

Google

ဒါကြောင့် အမှန်ကိုသိတဲ့ ပရိသတ်တွေက Lee Jun Ho အတွက် ဖြေရှင်းချက်လေးတွေ ပြုလုပ်ပေးခဲ့ကြတာဖြစ်ပါတယ်။ Lee Jun Ho ဟာ ၂၀၂၁ ခုနှစ် မတ်လ ကတည်းက ပြည်သူ့ဝန်းထမ်းအဖြစ် စစ်မှုထမ်းဆောင်တဲ့တာဝန် ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။