Lim Young-woong ဟာ ၂၀၁၆ ခုနှစ်မှာ ပွဲဦးထွက်လာတဲ့ အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင် ကျော်ဖြတ်ရတဲ့ Lim Young-woong ဟာ မာနလည်း မကြီးတတ်သလို သူတစ်ပါးကို ကူညီတတ်သူအဖြစ်လည်း နာမည်ကြီးတဲ့သူဖြစ်ပါတယ်။ အဆိုတော် Lim Young-woong က ယာဉ်တိုက်မှု ဖြစ်စဉ်မှာ သတိမေ့မြောနေခဲ့တဲ့ ယာဉ်မောင်းကို သူဝတ်ထားတဲ့ jacket အင်္ကျီကိုချွတ်ပြီး ခန္ဓာကိုယ် အနွေးဓာတ်ပြန်ရအောင် ကူညီပေးခဲ့တဲ့အပြင် အရေးပေါ် အသက်ကယ်နည်းတွေပါသုံးပြီး အသက်ကယ်ပေးခဲ့တာကြောင့် လူအများရဲ့ ချီးကျူးခြင်းကို ခံနေရပါတယ်။ 

Google

ဒီအကြောင်းအရာကို Youtuber Lee Jin-ho က ပြောပြပေးခဲ့တာဖြစ်ပါတယ်။ Lee Jin-ho ရဲ့ အဆိုအရ Lim Young-woong ဟာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ယာဉ်မောင်း အမျိုးသားကို ကူညီပေးခဲ့ပြီး အရေးပေါ် အသက်ကယ်ဆယ်နည်းတွေ ကိုပါ အသုံးပြုပေးခဲ့တာလို့ သိရပါတယ်။

Google

အခင်းဖြစ်ပွားခဲ့တဲ့အချိန်က ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ဖြစ်ခဲ့တာကြောင့် တော်တော်လေးတော့ ကြာနေပြီပဲ ဖြစ်ပါတယ် ။ Lim Young-woong က ဖြတ်သွားရင်းနဲ့ ယာဉ်တိုက်မှု မြင်ကွင်းကို တွေ့ရှိခဲ့တာဖြစ်ပြီး ယာဉ်ထဲမှာ ညပ်နေတဲ့ အမျိုးသားကို ဆွဲထုတ်ကာ အရေးပေါ် ကယ်ဆယ်နည်းတွေ အသုံးပြုပြီး ကယ်တင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

Google

အသက်ကယ်ပြီး စိတ်ချရတဲ့ အနေအထား ရောက်ရှိသွားပြီးနောက်မှာ Lim Young-woong က ၁၁၉အရေးပေါ် ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး အကူအညီတောင်းပေးခဲ့တယ်လို့ သိရပါတယ်။ ယာဉ်မောင်းက အသက်မရှူတော့တာကြောင့် Lim Young-woong က စီပီအာနည်းလမ်းနဲ့ ရင်ဘက်ကို ဖိပြီး အသက်ပြန်ရှူအောင် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ၁၁၉ ကယ်ဆယ်ရေးအဖွဲ့ ရောက်မလာခင်မှာပဲ Lim Young-woong က ဒဏ်ရာရရှိနေသူကို အသက်ပြန်ရှူအောင် လုပ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

Google

Lim Young-woong ရဲ့ လုပ်ဆောင်ချက်တွေဟာ ထိရောက်မြန်ဆန်ပြီး ခိုင်မာလွန်းတာကြောင့် လူအများရဲ့ချီးကျူးဂုဏ်ပြုခြင်းကို ခံထားရပါတယ်။ သွေးတွေအဆက်မပျက် စီးကျနေတဲ့ လူတစ်ယောက်ကို နာမည်ကြီးတစ်ယောက်အနေနဲ့ တုံ့ဆိုင်းနှေးကွေးခြင်းမရှိဘဲ အသက် ကယ်တင်ပေးနိုင်တဲ့အတွက်လည်း Lim Young-woong ရဲ့စိတ်ဓာတ်ကတော့ တကယ်ကို ချီးကျူး စရာပါပဲနော်။  

Google

နာမည်ကြီး အဆိုတော်တစ်ယောက်ဖြစ်ပေမယ့် မာန မကြီးဘဲ လူ့အသက်ကို တုံ့ဆိုင်းခြင်းမရှိ ကယ်တင်ပေးနိုင်တဲ့ Lim Young-woong ရဲ့ အကြောင်းလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Tags: Lim Young Woong

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။