ချန်ဂင်လို့ လူသိများတဲ့ မင်းသမီး လီယောင်အေး  ဟာဆိုရင် တောင်ကိုရီးယား နာမည်ကြီး အမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ မင်းသမီးကြီး လီယောင်အေး ဟာ ၂၀၀၃ ခုနှစ်က နန်းတွင်းရတနာ လို့ လူသိများတဲ့ Jewel in the palace အပြင် အခြား နာမည်ကြီး ဇာတ်လမ်းတွဲတွေမှာလည်းပါဝင် သရုပ်ဆောင် ဖူးပါတယ်။ 

Google 
Google
Google

လီယောင်အေးဟာ ကိုရီးယား - အမေရိကန် စီးပွါးရေးသမားတစ်ယောက်နဲ့ ၂၀၀၉ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်အသက် ၄၀ အရွယ်မှာ Seung-kwon လို့ လို့ခေါ်တဲ့ သားလေးတစ်ယောက်နဲ့  Seung-bin  လို့ခေါ်တဲ့ အမွှာသမီးလေး တစ်​ယောက်ကို ဖွားမြင်ခဲ့ပါတယ်။ 

Google
Google
Google

အိမ်ထောင်ကျနောက်ကျပေမယ့်လည်း လီယောင်အေးဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုရရှိပိုင်ဆိုင်ထားပြီး သားသမီးကံ ပါ ကောင်းလွန်းနေတာကြောင့် သူမကို အားကျရတဲ့ သူတွေ အများကြီးပဲ ဖြစ်ပါတယ်။ အမွှာကလေးငယ်လေးတွေ မီးဖွားပြီးနောက်မှာတော့ လီယောင်အေးကို အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီမှာ မတွေ့ရတော့ပါဘူး။ ၂၀၂၁ခုနှစ်မှာတော့ Inspector Koo ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ အနုပညာလမ်းကြောင်းထက်ဆီကိုပြန်ရောက်လာပါတယ်။ 

Google
Google

Inspector Koo ဇာတ်လမ်းအပြီးမှာတော့ လီယောင်အေးဟာ အနုပညာလမ်းကြောင်းထက်ဆီကနေ လုံးဝပျောက်ဆုံးသွားပြီး ဆိုရှယ်မီဒီယာ သုံးစွဲမှုတွေကိုပါ ရပ်နားပစ်လိုက်ပါတယ်။ 

Google
Google


ပရိသတ်တွေကတော့ လီယောင်အေးတစ်ယောက် အထင်ကရ ခင်ပွန်းဖြစ်သူအတွက် ကောင်းမွန်တဲ့ ပုံရိပ်ကို ထိန်းဖို့နဲ့ အမွှာသားသမီးလေးတွေကိုအချိန်ပိုပေးချင်တာကြောင့် အနုပညာလမ်းကြောင်းပေါ်ကနေ ပျောက်သွားတာလို့ သုံးသပ်ထားကြပါတယ်။ 

Google
Google

လက်ရှိမှာ မင်းသမီး လီယောင်အေးရဲ့အသက်က ၅၀ ကျော်နေပြီပဲ ဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေအများကြီးကို ဆက်မလုပ်ဖြစ်တော့ပဲ မိသားစုကိုအချိန်ပိုပေးဖြစ်နေတဲ့ တောင်ကိုရီးယားမင်းသမီး လီယောင်အေးအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။