ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် စွန့်ပစ်ခံ ရင်သွေးငယ်လေးများကို မိဘအရင်းတစ်ယောက်ကဲ့သို့ လက်ခံစောင့်ရှောက်ပေးနေတဲ့ သူဖြစ်ပါတယ်။ ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာမှ ကလေးငယ်လေးတွေဟာအချင်းချင်း စောင့်ရှောက်တတ်ကြပြီး ရိုင်းပင်းကူညီတတ်ကြတဲ့ ချစ်ဖို့ကောင်းတဲ့ ကလေးငယ်လေးတွေ ဖြစ်ပါတယ်။ 

Khine Hnin Wai’s Facebook 

လက်ရှိရာသီက မိုးတွင်းကာလကို ရောက်ပြီဖြစ်တာကြောင့် ကလေးငယ်လေးတွေ ရဲ့ သွေးလွန်တုတ်ကွေး ရောဂါအတွက် များစွာ စိတ်ပူပန်နေရပြီပဲ ဖြစ်ပါတယ်။ ရာသီအကူးအပြောင်းကာလမှာ ဖျားနာတဲ့ သူတွေလည်း ပေါများလာပြီဖြစ်တာကြောင့် ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများ ဂေဟာက ကလေးငယ်လေးတွေလည်း အုပ်စုလိုက် နေမကောင်းဖြစ်နေကြတယ်လို့ သိရပါတယ်။ ကလေးငယ်လေးတွေ နေမကောင်းဖြစ်နေတဲ့ အကြောင်းကို ခိုင်နှင်းဝေမှ အခုလိုလေး ဖော်ပြပေးလာပါတယ်။ 

Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 

"ရာသီကြောင့် ကလေးတွေ နေမကောင်းဖြစ်ကြလို့ အခန်းတွေ သီးသန့် ခွဲထားရပါတယ်..ဆေးရုံတက်ရတဲ့ ကလေးတွေလဲ နေကောင်းလာကြပါပြီ..ကျန်တဲ့ ကလေးတွေလဲ အဖျားတွေ ပျောက်လို့ သက်သာလာကြပါပြီ..အားလုံးပဲကျန်းမာရေးတွေလဲ ဂရုစိုက်ကြပါရှင်..❤️❤️❤️”

Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 

နေမကောင်းဖြစ်နေကြတဲ့ ကလေးငယ်လေးတွေရဲ့ ပုံရိပ်လေးတွေကို မြင်ရတာ စိတ်မကောင်းဖြစ်မိပါတယ်။လက်ရှိမှာဆိုရင်တော့ ကလေးငယ်လေးတွေရဲ့ အဖျား အခြေအနေက တော်တော်လေး သက်သာနေကြပြီလို့ သိရပါတယ်။ 

Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 
Khine Hnin Wai’s Facebook 


ရာသီအကူးအပြောင်းကာလကို အကောင်းဆုံးကျော်ဖြတ်ပြီး မေမေခိုင်နှင်းဝေရဲ့ စောင့်ရှောက်မှုနဲ့ကျန်းမာလာတဲ့ ကလေးငယ်လေးတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးရင်း အခုအကြောင်းအရာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။