အနုပညာအသိုင်းဝန်းကြီးတဲ့ ညီအစ်မတွေဖြစ်ပြီး သူမတို့ကို မသိတဲ့သူကလည်း မရှိသလောက်ပါပဲ။

ဒီဓာတ်ပုံလေးကို စိုးပြည့်သဇင်က သူမရဲ့ လူမှုကွန်ရက်အကောင့်ကနေ ပြန်လည်တင်ထားတာပါ။

စိုးမြတ်ကလျာ ကလွဲလို့ ကျန်တဲ့ညီအစ်မတွေကတော့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်နေကြတာပါ။

ရုပ်ရှင်မင်းသမီး စိုးမြတ်ကလျာ စိုးမြတ်သူဇာ စိုးမြတ် နန္ဒာ တို့ညီအစ်မသုံးယောက်ကတော့ ညီအစ်မရင်းချာတွေဖြစ်ကြပြီး အဆိုတော်သရုပ်ဆောင် စိုးပြည့်သဇင် နဲ့ စန္ဒီမြင့်လွင်တို့ကတော့ ညီအစ်မတစ်ဝမ်းကွဲတော်စပ်ထားကြပါတယ်။

အနုပညာသက်တမ်းအရင့်ဆုံးဝါရင့်မင်းသမီးတစ်လက်အဖြစ် ယနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေသူကတော့ စိုးမြတ်သူဇာ(မကြီးစိုး)ဖြစ်ပြီး သူမရဲ့ သဏ္ဍန်လုပ်သရုပ်တူဇာတ်ရုပ်ပီပြင်မှုတွေကြောင့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေရရှိထားသူပါ။

တစ်ချိန်က တီဗွီကြော်ငြာတိုင်းမှာ သူမရဲ ့ဆံပင်ကေနဲ့ ခေတ်စားခဲ့သူလေးကတော့ မင်းသမီးချောစိုးမြတ်နန္ဒာဖြစ်ပြီး သူမကတော့ လက်ရှိမှာ သားလေးတစ်ယောက်နဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေပါတယ်။

ပရိသတ်အချစ်တော် မင်းသမီးချော စိုးပြည့်သဇင်ကလည်း လက်ရှိမှာ ဇာတ်ကားပေါင်းများစွာရိုက်ကူးနေပြီး အဆိုတော် စန္ဒီမြင့်လွင် ကတော့ မိန်းကလေးတွေနဲ့ ခံစားချက်တူသီချင်းလေးတွေနဲ့ လူကြိုက်များနေသလို ကိုယ်ပိုင်စီးပွားရေးအဖြစ် Koe Koe ဖိနပ်ထုတ်လုပ်ရေးကိုလည်း လုပ်နေသူဖြစ်ပါတယ်။ 

အနုပညာလောကထဲနေရာတစ်ခုစီအခိုင်အမာရရှိထားတဲ့ စိုးမြတ်သူဇာတို့ ညီအစ်မလေးယောက်ထဲမှာ ဘယ်သူ့ကိုအချစ်ဆုံးပရိသတ်ကြီးရေ။  

သတင်းအရင်းမြစ် Soe Pyae fb and Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။