အရင်ခေတ်တွေတုန်းက အမျိုးသမီးတွေဟာအိမ်ထောင်ကျတာ နောက်ကျရင် လက်ထပ်တာ နောက်ကျရင်အပြစ်တင်ခြင်း ခံခဲ့ရပါတယ်။ 

Google

အသက်ကြီးမှ ကလေးယူရင် ပိုပြီးတော့တောင် ဝေဖန်ခြင်း ခံကြရပါတယ်။ အခုနောက်ပိုင်းမှာတော့ ခေတ်ကာလတွေ တဖြည်းဖြည်းပြောင်းလဲလာတာနဲ့အမျှ အရင်ခေတ်ကလိုမျိုး အိမ်ထောင်ကျနောက်ကျရင် ဘာဖြစ်မယ်တို့ ၊ ကလေးယူနောက်ကျရင် ဘာဖြစ်မယ်တို့လို့ ဆိုတဲ့ အတွေးတွေ မရှိတော့ပါဘူး။တောင်ကိုရီးယားနိုင်ငံမှာလည်း အဲဒီလိုပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံက အမျိုးသမီးတွေဟာ ပျမ်းမျှအားဖြင့် အသက် ၃၃ နှစ်အရွယ်မှ ကလေးယူကြတာကို စစ်တမ်းတွေအရ သိရှိရပါတယ်။ 

တောင်ကိုရီးယား အနုပညာရှင်တွေထဲမှာလည်း အိမ်ထောင်ကျတာ နောက်ကျပြီး ကလေးယူတာ နောက်ကျတဲ့အမျိုးသမီးတွေ အများကြီးပဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ နာမည်အကြီးဆုံး သရုပ်ဆောင်အမျိုးသမီးတွေလည်းအပါအဝင်ပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ကလေးယူတာ နောက်ကျတဲ့ တောင်ကိုရီးယား အနုပညာရှင် မင်းသမီးကြီးတွေကို အောက်မှာ ဖော်ပြပေးသွားပါမယ်နော်။ 

Son Ye-jin

Google

တောင်ကိုရီးယားမင်းသမီး Son Ye-jin ဟာဆိုရင် မင်းသား Hyun Bin နဲ့ ပြီးခဲ့တဲ့ မတ်လ ကမှ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ လူတကာအားကျရတဲ့စုံတွဲလေး ဖြစ်ပေမယ့် သူတို့ လက်ထပ်ယူခဲ့ကြတုန်းက အသက်တွေက အရမ်းကြီးတော့ မငယ်ကြတော့ပါဘူး။

Google

 မကြာသေးမီက Son Ye-jin က သူမ ကိုယ်ဝန်ရှိကြောင်း ပရိသတ်တွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Son Ye-jin ကိုယ်ဝန်ရှိနေတဲ့အချိန်က အသက် ၄၀ ကျော်နေပြီ ဖြစ်တာကြောင့် အသက်ကြီးမှကိုယ်ဝန်ရရှိခဲ့တဲ့ အနုပညာရှင်တွေ စာရင်းထဲ မှာ Son Ye-jin ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ 

Honey Lee

Google

ဒီနှစ် ၂၀၂၂ ခုနှစ်အတွင်း ကလေးဖွေးဖွားခဲ့တဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် Honey Lee လည်းအပါအဝင်ပဲ ဖြစ်ပါတယ်။ Honey Lee က အသက် ၃၉ နှစ်အရွယ်မှာ သူမရဲ့ သမီးဦးလေးကို ဖွားမြင်ခဲ့တာ ဖြစ်ပါတယ်။ Honey Lee ကလည်း အသက် ၄၀ နီးပါးမှာ ကလေးမွေးဖွားခဲ့တာကြောင့် သူမကို အသက်ကြီးမှကိုယ်ဝန်ဆောင်ရတဲ့ သူအဖြစ် သတ်မှတ်ထားကြပါတယ်။ 

Google

Sung Yuri

Google

၂၀၂၂ ခုနှစ်မှာ ကလေးမွေးဖွားခဲ့တဲ့ နောက်ထပ်စုံတွဲတစ်တွဲကတော့ Fin. K. L အဖွဲ့ဝင်ဟောင်းနဲ့ မင်းသမီး Sung Yuri ပဲ ဖြစ်ပါတယ်။ မင်းသမီး Sung Yuri က အမွှာကလေး မွေးဖွားခဲ့ပြီး ကလေးမွေးဖွားချိန်က သူမအသက်က၄၁ နှစ်ရှိနေပြီပဲ ဖြစ်ပါတယ်။ 

Google

Choi Ji-woo

Google

တောင်ကိုရီးယားရဲ့ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ Choi Ji-woo ဟာဆိုရင်လည်း ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မေလမှာ မိခင်တစ်ယောက် ဖြစ်ခဲ့တဲ့ သူဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်တွေ အရမ်းပျံ့နေတဲ့ အချိန်မှာ ရင်သွေးလေးကို မွေးခဲ့ရလို့လည်း Choi Ji-woo မီးဖွားခဲ့စဉ်က တော်တော်လေး မလွယ်ကူခဲ့ပါဘူး။ 

Google

အသက် ၄၅ နှစ်ပြည့်ဖို့ တစ်လပဲ လိုတော့တဲ့ အချိန်မှာ ရင်သွေးလေးကို ဖွားမြင်ခဲ့တဲ့  မင်းသမီး Choi Ji-wooဟာဆိုရင် အသက်ကြီးမှ ကလေးရရှိခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ဦးပဲဖြစ်ပါတယ်။ 

Google

Kim Ha-neul

Google

တောင်ကိုရီယားရဲ့ Romcom မင်းသမီး Kim Ha Neul ဟာဆိုရင် ၂၀၁၈ ခုနှစ်မှာ ပထမဦးဆုံး ကလေးကိုဖွားမြင်ခဲ့ပါတာဖြစ်ပါတယ်။ ရင်သွေးလေးကို ဖွားမြင်ခဲ့စဉ်တုန်းက Kim Ha Neul  ရဲ့ အသက်က ၄၀ နှစ်ရှိနေပြီပဲ ဖြစ်ပါတယ်။ မင်းသမီး Kim Ha Neul  ဟာ ရင်သွေးလေးကို အပြည့်အဝ စောင့်ရှောက်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ 

သရုပ်ဆောင်လောက ကနေ အနားယူသွားခဲ့တာ ဒီကနေ့ အထိပဲ ဖြစ်ပါတယ်။ 

Google

Choo Ja-hyun

Google

မင်းသမီး Choo Ja Hyun ဟာဆိုရင်လည်း တရုတ်မင်းသား Yu Xiaoguang  နဲ့ ၂၀၁၇ ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့ပြီး၂၀၁၈ ခုနှစ်မှာ သားဦးလေးကို မွေးဖွားခဲ့ပါတယ်။ သားဦးလေး မွေးဖွားခဲ့စဉ်က Choo Ja Hyun ရဲ့ အသက်က ၃၉နှစ်အရွယ်ရှိနေပြီပဲ ဖြစ်ပါတယ်။ 

Google

ကလေးမွေးဖွားပြီးတဲ့ အရွယ်မှာ Choo Ja Hyun ရဲ့ မျက်နှာဟာ အပျိုတုန်းကနဲ့မတူတော့ဘဲ ကွဲပြားခြားနားမှုတွေ အများကြီး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် သူမကို အနုပညာလောကမှာ ထပ်ပြီး မတွေ့ရတော့ပါဘူး။ 

Lee Young-ae

Google

ချန်ဂင်လို့ လူသိများတဲ့ မင်းသမီး Lee Young-ae ဟာဆိုရင်လည်း တောင်ကိုရီးယား နာမည်ကြီး အမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အသက် ၄၀ အရွယ်မှာ ယောကျာ်းလေးတစ်ယောက် မိန်းကလေးတစ်ယောက် အမွှာလေး နှစ်ယောက်ကို ဖွားမြင်ခဲ့ပြီး ပျော်ရွှင်စရာ မိသားစု ဘဝလေးကို ရရှိပိုင်ဆိုင်ထား တာ ဖြစ်ပါတယ်။

Instagram

အသက်ကြီးမှ ကလေးယူခဲ့ကြတဲ့ နာမည်ကြီး တောင်ကိုရီးယားမင်းသမီးကြီးတွေအကြောင်းကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။