ဥက္ကာမင်းမောင်ဟာ ဆိုရင် လှပခန့်ညားလှတဲ့ ကောက်ကြောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေ တခဲနက် ရရှိခဲ့တဲ့သူဖြစ်ပါတယ်။ ဥက္ကာမင်းမောင်က အနုပညာလှုပ်ရှားမှုတွေနဲ့ဝေးတဲ့ တိုင်းတစ်ပါးကိုရောက်ရှိနေခဲ့တာ နှစ်အတော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ လူက တိုင်းတစ်ပါးမှာ ရှိနေပေမယ့် ဥက္ကာမင်းမောင်ရဲ့ ပိုင်ဆိုင်မှုတွေထဲက တချို့အရာတွေကတော့ မြန်မာနိုင်ငံမှာ ကျန်ရှိနေတုန်းပဲ ဖြစ်ပါတယ်။ မကြာသေးမီက မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ဒဂုံဆိပ်ကမ်း စက်မှုဇုံမီးလောင်မှုဖြစ်စဉ်မှာ ဥက္ကာမင်းမောင်ရဲ့ မိသားစုပိုင် Mercury စားသောက်ဆိုင် လေးလည်း ပါသွားခဲ့ပါတယ်။

Okkar Min Maung’s Facebook

မိသားစုပိုင် စားသောက်ဆိုင် တစ်ဆိုင်လုံး မီးထဲပါသွားခဲ့တာကြောင့် ယူကြုံးမရ ဖြစ်ခဲ့ရတဲ့အပြင် လူသေးဆုံးမှုပါဖြစ်ခဲ့ရတဲ့အတွက် ဥက္ကာမင်းမောင်တစ်ယောက် ပိုပြီးကြေကွဲဝမ်းနည်း ဖြစ်ခဲ့ရပါတယ်။ အကြောင်းအရာအသေးစိတ်ကို ဥက္ကာမင်းမောင်က အခုလိုလေး ဖော်ပြပေးထားပါတယ်။ 

Okkar Min Maung’s Facebook

“သြော်..ကံတရားရယ်.. ရက်စက်လိုက်တာ.. ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ကျွန်တော်တို့ မိသားစုပိုင်  Mercury စားသောက်ဆိုင်နဲ့ Karaoke မီးလောင်ကျွမ်းသွားခဲ့ပါတယ်.. ပစ္စည်းဆုံးရှုံးတာထက် ပိုဆိုးတာက မိန်းခလေး ၂ယောက် မီးထဲ မှာ အသက်ဆုံးရှုံးသွားတဲ့အတွက် ပိုပြီး စိတ်ထိခိုက်ရပါတယ်.. ကျန်ခဲ့တဲ့ သူတို့မိသားစုဝင်တွေဘယ်လောက်ထိ ဝမ်းနည်းပူဆွေးနေရမလဲ ကိုယ်ချင်းစာပါတယ်..ဆုတောင်းပေးပါတယ် 

Okkar Min Maung’s Facebook
Okkar Min Maung’s Facebook
Okkar Min Maung’s Facebook

ဒီဘဝ ဒီဝဋ်ကြွေးတွေရှိရင်ကျေပါစေတော့... ညီမငယ်လေးတွေ ကောင်းရာသုဂတိလားပါစေ... ကင်ဆာရောဂါကို ကုနေတဲ့အမေလဲ သူ့ဘဝမှာ အကြိမ်ကြိမ်အခါခါလဲကျလိုက် ပြန်တည်ဆောက်လိုက်နဲ့ ဒီဆိုင်လေးကို အခက်အခဲပေါင်းများစွာနဲ့ပြန်လည် တည်ဆောက်ထားတာမကြာသေးဘူး အခုတော့လဲ နေ့ချင်းညချင်း ပျက်စီးသွားခဲ့ပြီ... မီးသတ်များရော, အခုအချိန်မှာ ဒီကိစ္စအတွက် အစစအရာရာ ကူညီပေးနေကြတဲ့ သူများအားလုံးကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်.. အရာရာအားလုံးအတွက် စိတ်ထဲ တော်တော် မကောင်းဘူး..”

Okkar Min Maung’s Facebook

မီးထဲပါသွားတဲ့ ဆိုင်လေးကို ဥက္ကာမင်းမောင်ရဲ့ မိခင်ကြီးက ကင်ဆာရောဂါ ကုသနေတဲ့ ကြားကနေ ခက်ခက်ခဲခဲဖွင့်လှစ်ထားခဲ့တာလို့ သိရပါတယ်။ ဘာမှ မကျန်တော့အောင် မီးထဲကပါသွားခဲ့တဲ့အပြင် လူသေဆုံးမှုပါ ဖြစ်ခဲ့ရတဲ့ဥက္ကာမင်းမောင်ရဲ့ဆိုင်လေး အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Okkar Min Maung’s Facebook
Okkar Min Maung’s Facebook
Okkar Min Maung’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။