ဝါရင့် သရုပ်ဆောင် အဆိုတော် ကြီး ချိုပြုံးဟာဆိုရင် တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေ များစွာ ဆွတ်ခူးရရှိခဲ့တဲ့ မင်းသမီးကြီးဖြစ်ပါတယ်။ ရယ်လိုက်ရင် ပါးချိုင့်လေးနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ အန်တီချိုပြုံးဟာ လက်ရှိမှာအသက်အရွယ် အပိုင်းအခြားတစ်ခုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသမီးကြီး ချိုပြုံးဟာလည်ပင်းအကျိတ်ရောဂါကို ခံစားခဲ့ရတဲ့သူဖြစ်ပြီး လည်ပင်းအကျိတ်ကို ခွဲစိတ်ကုသမှုခံယူရန်အတွက်ဘန်ကောက်ဆေးရုံကိုရောက်ရှိနေတာဖြစ်ပါတယ်။ 

Google

အန်တီချိုပြုံးရဲ့ လည်ပင်းအကျိတ်ကို ဇွန်လ ၃၀ ရက်နေ့မှာ ခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး အောင်မြင်စွာ ခွဲစိတ်ကုသမှု ခံယူနိုင်ခဲ့တယ်လို့ မိသားစုဝင်များရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။ လက်ရှိမှာ အန်တီချိုပြုံးကို သမီးဖြစ်သူနဲ့သားဖြစ်သူတို့က အနီးကပ်ပြုစုစောင့်ရှောက်မှုပေးနေပြီး ကျန်းမာရေးအခြေအနေ အဆင်ပြေလျက်ရှိတယ်လို့ သိရပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 
Photo credit to original uploader 

ပြည်သူတွေပို့သပေးတဲ့ မေတ္တာကြောင့် ခွဲစိတ်ကုသမှု အောင်မြင်သွားတဲ့ မင်းသမီးကြီး ချိုပြုံးရဲ့ သတင်းကောင်းလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်နော်။

Photo credit to original uploader 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။