တောင်ကိုရီးယား မင်းသမီး Jo Yoon-hee ဟာဆိုရင် မင်းသား Lee Dong-gun နဲ့ ကွာရှင်းအပြီး ၃ နှစ်အကြာမှာအနုပညာ လောကထဲကို ပြန်လည်ရောက်ရှိတော့မယ်လို့ ကြေညာခဲ့ပါတယ်။ Jo Yoon-hee တစ်ယောက် အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီမှာ ပျောက်ဆုံးနေခဲ့တာ ၆ နှစ်ကြာသွားပြီဖြစ်တာကြောင့် အခု တစ်ခေါက်ပြန်လည် ရောက်ရှိလာမယ့် အချိန်မှာ ပရိသတ်တွေကလည်း များစွာ မျှော်လင့်ထားကြပါတယ်။ 

Google

Jo Yoon-hee ပြန်လည် ရောက်ရှိလာမယ့် ဇာတ်လမ်းနာမည်က 'Neulbom Garden' ဖြစ်ပြီး အခု ဇွန်လ ၂၉ ရက်နေ့မှာ စတင်ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ Jo Yoon-hee တစ်ယောက် ၆နှစ်အကြာမှ အနုပညာလှုပ်ရှားမှု လမ်းကြောင်းထက်ဆီကို ရောက်ရှိလာခဲ့တဲ့ အကြောင်းအရင်းက ကလေးထိန်းနေရတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

Google

Single Mother အဖြစ် ရပ်တည်နေရတဲ့ Jo Yoon-hee ဟာ ကလေးငယ်လေးကို ထိန်းသိမ်း စောင့်ရှောက်ဖို့အတွက် အချိန်တွေ များစွာ ရင်းထားပြီးနောက်မှာ အနုပညာ လမ်းကြောင်းထက်ဆီကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း များစွာ ပျော်ရွှင်နေကြပါတယ်။ Jo Yoon-hee  တစ်ယောက် အနုပညာလမ်းကြောင်းထက်ဆီကို ပြန်ရောက်လာရတဲ့ အကြောင်းအရင်းကလည်း သားဖြစ်သူလေး အနာဂတ်အတွက်ခိုင်မာမှုလေးတစ်ခု ရှိစေချင်တာကြောင့်လို့ ဆိုထားပါတယ်။ 

Google
Google

ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီး Single Mother အနေနဲ့ အနုပညာလောကထဲကို ပြန်လည်ရောက်ရှိလာမယ့်သရုပ်ဆောင် Jo Yoon-hee ကို တခဲနက် အားပေးဖို့အတွက် ကြိုးစားပေးနေကြတဲ့ ပရိသတ်တွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ 

Google

Jo Yoon-hee တစ်ယောက် လဲကျနေရာကနေ ပြန်ထနိုင်ပြီး ရွှေရောင်တောက်ပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းရင်း အခုအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။