မင်းသမီးကြီးချိုပြုံးဟာဆိုရင် တစ်ခေတ်တစ်ခါက အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ ပြည်သူချစ် မင်းသမီးကြီးဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခြင်းကို များစွာ လက်ခံရရှိထားတဲ့ အန်တီချိုပြုံးဟာ လက်ရှိမှာ လည်ပင်းအကျိတ်ရောဂါ ရပြီး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ 

Photo credit to original uploader 

အန်တီ ချိုပြုံးရဲ့ လည်ပင်းအကျိတ်ကို မနက်ဖြန် ဇွန်လ ၃၀ ရက်နေ့မှာ ဘန်ကောက်ဆေးရုံမှာ ခွဲစိတ်ကုသမှု ခံယူမယ်လို့ သိရပြီး အကောင်းဆုံး ခွဲစိတ်သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ 

Photo credit to original uploader 
Photo credit to original uploader 

အန်တီချိုပြုံး ဘန်ကောက်ဆေးရုံမှာ ဆေးရုံတင်ထားရတဲ့အကြောင်းကို ဆရာကြီး ဦးဝင်းငြိမ်းက “ချိုပြုံး ဆေးရုံတက်နေရပါပြီ။ မနက်ဖြန်လည်ချောင်းကအကျိတ်ခွဲရမယ်လို့သမီးမိုးမိုးကပြောပါတယ်။ အားလုံးကချစ်တဲ့ကောင်မလေးအတွက် ဆုတောင်း မေတ္တာ ပို့သပေးကြရအောင်ပါ " လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြအသိပေးထားတာဖြစ်ပါတယ်။ 

Photo credit to original uploader 

အန်တီ ချိုပြုံးတစ်ယောက် ခွဲစိတ်မှု အောင်မြင်အဆင်ပြေပြီး အမြန်ဆုံး နေကောင်းကျန်းမာလာစေဖို့ ဆုတောင်းရင်း အခုအကြောင်းအရာလေးကို ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။