တောင်ကိုရီးယားမင်းသား Nam Joo Hyuk ဟာဆိုရင် ကျောင်းတွင်း အတန်းဖော်တွေကို အနိုင်ကျင့်တယ်ဆိုတဲ့စွပ်စွဲချက်တစ်ခုကို ပြီးခဲ့တဲ့ အပတ်က မှ ခံခဲ့ရတာဖြစ်ပါတယ်။ သတင်းတွေ ထွက်ပေါ်လာချင်းမှာပဲ Nam Joo Hyuk ရဲ့ အေဂျင်စီက ချက်ချင်းဆိုသလို ငြင်းဆန်ခဲ့ပြီး ကောလာဟလတွေကို ချေဖျက်ခဲ့ပါတယ်။ 

Google

ဒါပေမယ့်လည်း ဒီကနေ့မှာတော့ Nam Joo Hyuk က အကြမ်းဖက်မှု ပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကို စွပ်စွဲခဲ့တဲ့သူ နောက်တစ်ယောက် ပေါ်ထွက်လာခဲ့ပါတယ်။ 

အဆိုပါအမျိုးသားက ကျောင်းသားဘဝမှာ Nam Joo Hyuk  ရဲ့ အကြမ်းဖက်မှုကို ငြီးငွေ့တဲ့အထိ ခံစားခဲ့ရတာကြောင့် Nam Joo Hyuk ကို ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ မြင်တွေ့တိုင်း နာကျင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

Google

Nam Joo Hyuk ရဲ့ အေဂျင်စီကလည်း အကြောင်းအရင်းကို သေချာမစုံစမ်းဘဲ Nam Joo Hyuk ရဲ့ အတိတ်ကအကြောင်းတွေကို ငြင်းဆန်မှု ပြုတယ်လို့လည်း အဆိုပါအမျိုးသားက ဆိုထားပါသေးတယ်။ 

Google

သူဟာ အနိုင်ကျင့်ခံခဲ့ရတဲ့သူဖြစ်တာကြောင့် အနိုင်ကျင့်ခဲ့တဲ့ သူတွေရဲ့ နာမည်ကို ကောင်းကောင်းကြီး မှတ်မိနေပြီး အဲဒီထဲမှာ Nam Joo Hyuk လည်း ပါတယ်လို့ ဆိုပါတယ်။ 

“ကျွန်တော် အထက်တန်း ကျောင်းသားဘဝတုန်းက Nam Joo Hyuk က ကျွန်တော့်ကို အုပ်စုဖွဲ့ပြီး အနိုင်ကျင့်ခဲ့တာပါ။ အတိတ်က နာကျင်မှုတွေကို အချိန်ကာလ ကြာခဲ့တာနဲ့ အမျှ မေ့ပျောက်ခဲ့ရပြီဆိုပေမယ့် Nam Joo Hyuk ကို တီဗီထဲမှာ ပြန်တွေ့တိုင်း နာကျင်ရပါတယ်။”

Nam Joo Hyuk ရဲ့အနိုင်ကျင့်မှုတွေက အထက်တန်းကျောင်းတတ်ခဲ့တဲ့ ကာလ တောက်လျောက်လုံး အဆက်မပျက် ဖြစ်နေခဲ့တာလို့ အဆိုပါအမျိုးသာကဆိုပါတယ်။ Nam Joo Hyuk ဟာ သူ့ရဲ့ စမတ်ဖုန်းကို အပိုင်ယူပြီး စမတ်ဖုန်းထဲက Hotspot ကိုဖွင့်ကာ အသုံးပြုခဲ့သလို စမတ်ဖုန်းကိုလည်း သူ့ အပိုင် ဖုန်းလို မျိုး အမြဲ ယူထားတယ်လို့ ဆိုပါတယ်။

Google

Nam Joo Hyuk ဟာ သူ့ရဲ့ စမတ်ဖုန်းကို အပိုင်စီးပီး လုယူခဲ့တာနဲ့ အားမရဘဲ စမတ်ဖုန်းထဲက mobile banking နဲ့10000 KRWs တန်ကြေးရှိတဲ့ Game Item တွေ ဝယ်ယူတယ်လို့လည်း သိရပါတယ်။ ပိုက်ဆံ အသုံးပြုဖို့ လိုလာတဲ့အချိန် ပြန်တောင်းတဲ့အခါမှာလည်း Nam Joo Hyuk  က ပြန်မပေးတော့ဘူးလို့ ဆိုပါတယ်။ 

Nam Joo Hyuk  လုပ်ခဲ့တဲ့ အဆိုးဆုံးအချက်ကတော့ လက်ဝှေ့ထိုးကျင့်တယ်လို့ဆိုကာ သူ့ရဲ့ မျက်နှာကို ထိုးခဲ့တာဖြစ်တယ်လို့ အဆိုပါအမျိူးသားကဆိုပါသေးတယ်။ Nam Joo Hyuk  ခိုင်းတဲ့ တစ်စုံတစ်ခုကို လုပ်ဖို့ ငြင်းဆန်ခဲ့တယ်ဆိုရင်လည်း Nam Joo Hyuk  ရဲ့ သူငယ်ချင်းအဖွဲ့က လက်ဝှေ့အစမ်းထိုး လေ့ကျင့်တယ်လို့ဆိုကာ အချက်ပေါင်းများစွာ ထိုးကြိတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် Nam Joo Hyuk  က ၃ မိနစ်အတွင်း မုန့်တွေသွားဝယ်ခိုင်းပြီး ၃ မိနစ်ကျော်သွားပါက အပြစ်ပေးတယ်လို့ ဆိုပါတယ်။ 

Google

Nam Joo Hyuk  ရဲ့ အနိုင်ကျင့်နှိပ်စက်မှုတွေကို ခါးစည်း ခံခဲ့ရတာကြာင့် မျက်နှာမြင်တိုင်း မုန်းမိပြီး ဒေါသဖြစ်တယ်လို့ အဆိုပါအမျိုးသားကဆိုပါတယ် ။ သူလိုချင်တဲ့ တစ်ခုတည်းသောအရာက Nam Joo Hyuk  တစ်ယောက် သူ့အမှားတွေအတွက် ပြန်တောင်းပန်ပေးပြီး အနုပညာ လှုပ်ရှားမှုတွေကနေ အနားယူဖို့ပဲ ဖြစ်တယ်လို့အဆိုပါအမျိုးသားက ဆိုပါတယ်။ အထက်တန်းကျောင်းတုန်းက ရရှိခဲ့တဲ့ Nam Joo Hyuk  ရဲ့ဒဏ်ရာတွေကြောင့် လူကြောက်ပြီး လူ့ဘဝမှာ အဆင်ပြေအောင် နေထိုင်ဖို့ ခက်ခဲသွားပြီဖြစ်ကြောင်းလည်း အဆိုပါအမျိုးသားကဆိုပါတယ်။ 

Google

အဖြစ်မှန်က ဘယ်လိုမှန်းမသိခဲ့ပေမယ့် ဒီဖြစ်ရပ်သာ တကယ်ပဲဆိုရင် Nam Joo Hyuk  တစ်ယောက် တော်တော်လေးမျက်နှာပြောင်တယ်လို့ ပရိသတ်တွေက မှတ်ချက်တွေ ပေးထားကြပါတယ်။ 

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။