တောင်ကိုရီးယားအနုပညာ လမ်းကြောင်းဟာ မထင်မှတ်စရာကောင်းလောက်အောင်ကို မှုခင်းတွေနဲ့ ရှုပ်ထွေးလွန်းလှတဲ့ နယ်ပယ်ကြီး ဖြစ်ပါတယ်။ 

ရှုပ်ထွေးမှုတွေကနေ လွတ်မြောက်လာပြီး နာမည်ပြန်ဆယ်နိုင်တဲ့သူတွေ ရှိသလို နာမည်ပြန်မဆယ်နိုင်တော့တဲ့ သူတွေလည်း ရှိပါတယ် ။ 

Google 

မကြာသေးမီကလည်း နာမည်ပျက်ရရှိခဲ့ပြီး ကိုရီးယား ပရိသတ်တွေအနေနဲ့ အနုပညာလမ်း ကြောင်းထက်ဆီကိုပြန်လာဖို့ လုံးဝ ခွင့်မပြုတော့တဲ့ အနုပညာရှင် စာရင်း စစ်တမ်းတစ်ခု ကောက်ခံခဲ့တယ်လို့သိရပါတယ်။  စစ်တမ်းကို မေလ ၉ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ Real Research app နဲ့ ကိုရီးယား ဆယ်ကျော်သတ်လူငယ်တွေဆီကနေ ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ 

စစ်တမ်းထဲမှာ ကိုရီးယားဆယ်ကျော်သတ်အယောက် ၃၅၀၀ အထိ မဲပေးခဲ့ကြတာကြောင့် စစ်တမ်းမှန်ကန်ခဲ့တယ်လို့ ယူဆကြရမှာ ဖြစ်ပါတယ်။ 

စစ်တမ်းအရ အနုပညာလမ်းကြောင့်ထက်ဆီကို ဘယ်တော့မှ ပြန်မလာသင့်တော့တဲ့သူတွေအဖြစ် ပရိသတ်တွေ ရွေးချယ်ခဲ့ကြတဲ့ စာရင်းထဲမှာ ပါဝင်ခဲ့သူတွေက Big Bang အဖွဲ့ဝင် Seungri အပါအဝင် Go Young Wook ၊  Steve Yoo ၊G.Na ၊ နဲ့ MC Mong တို့ပဲ ဖြစ်ပါတယ်။ 

Google

Seungri

Google

မဲစာရင်းရဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်ခဲ့တဲ့သူကတော့ Seungri ဖြစ်ပါတယ် ။ Seungri ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံး မှုခင်ကြီးဖြစ်တဲ့ “Burning Sun” မှာ ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။Burning Sun က ၂၀၁၉ ခုနှစ်မှာ ဖြစ်ပွါးခဲ့တဲ့ အမှုကြီး ဖြစ်ပြီး အနုပညာရှင်တွေပါ ပါဝင်နေတာကြောင့် နာမည်ဆိုးများစွာ ရရှိခဲ့တဲ့ အမှုကြီး ဖြစ်ပါတယ်။ 

အမျိုးသမီးတွေကို လိင်အကြမ်းဖက်တဲ့အမှုအပြင် တရားမဝင် ဗီဒီယိုတွေပါ ပါဝင်နေတဲ့ Burning Sun  ကလပ်ကြီးရဲ့ ဒါရိုက်တာတွေထဲမှာ Seungri လည်း ပါဝင်နေတာကြောင့် Seungri ဟာ နာမည်တော်တော် လေး ပျက်ခဲ့ရတာ ဖြစ်ပါတယ်။ 

Go Young Wook 

Google

ဒုတိယ မဲရရှိခဲ့တဲ့သူကတော့ အဆိုတော်ကြီး Go Young Wook ပဲ ဖြစ်ပါတယ်။ Go Young Wook  ဟာဆိုရင်လည်း ၃ ကြိမ်တိတိ လိင်အကြမ်းဖက်တဲ့အမှုကြောင့် အကျဉ်းချခံခဲ့ရတဲ့ သူဖြစ်ပါတယ်။ 

Go Young Wook ဟာ အသက်မပြည့်သေးတဲ့ မိန်းကလေး ၃ယောက်ကို လိင်အကြမ်းဖက်တဲ့ အမှုနဲ့ ၂၀၁၃ ခုနှစ်မှာ ထောင် ၂ နှစ်နဲ့ ၆ လ ကြာခံခဲ့ရတာဖြစ်ပါတယ်။ သူဟာ၂၀၁၅ ခုနှစ်၊ ဇူလိူင်လမှာ ထောင်ထဲကနေ ပြန်လည် လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ 

၂၀၂၀ခုနှစ်မှာ Go Young Wook တစ်ယောက်  အင်စတာဂရမ် အကောင့်ပေါ်ကနေတစ်ဆင့် အနုပညာလမ်းကြောင်းထက်ဆီကို ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေက လက်မခံခဲ့ကြတာကြောင့် အနုပညာလမ်းကြောင်းထက်ဆီကနေ ပျောက်ကွယ်သွားခဲ့ရပါတယ်။ 

Steve Yoo 

Google

Steve Yoo လို့ လူသိများတဲ့  Yoo Seung Jun ဟာဆိုရင်လည်း ၂၀၀၀ ခုနှစ်တွေတုန်းက နာမည်ကြီး အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ Steve Yoo ဟာ နာမည်အကြီးဆုံး အဆိုတော်တစ်ယောက်ဆိုပေမယ့်တောင်ကိုရီးယားမှာ စစ်မှုထမ်းဖို့ ခေါ်စာရောက်လာတဲ့အချိန်မှာ အမေရိကန်နိုင်ငံသား ခံယူခဲ့တဲ့ သူဖြစ်ပါတယ်။အဲဒီအချိန်တုန်းက ပရိသတ်တွေက ယောကျာ်းလေးတန်မယ့် စစ်မှုထမ်းဆောင်ဖို့ ငြင်းခဲ့တယ်ဆိုပြီး Yoo Seung Jun ကို အပြစ်ဝိုင်းတင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယား ပရိသတ်တွေက Yoo Seung Jun ကိုစိတ်ဓာတ်ပိုင်းဆိုင်ရာမကောင်းတဲ့ သူလို့ ယူဆကာ အနုပညာလမ်းကြောင်းထက်ဆီကို မဝင်သင့်တော့တဲ့သူအဖြစ်ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

G.Na

Google

နောက်တစ်ယောက်ကတော့ အဆိုတော် G.Na ဖြစ်ပါတယ်။ G.Na က ၂၀၁၆ ခုနှစ် မတိုင်ခင်က အမေရိကန်က စီးပွါးရေသမားတစ်ဦးနဲ့ လိင်အကြမ်းဖက်တဲ့ ပဋိက္ခမှာ ပါဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက်လျော်ကြေးငွေသာ ပေးဆောင်ခဲ့ရပေမယ့် G.Na ကို ပရိသတ်တွေက  အနုပညာ လမ်းကြောင်းထက်ဆီမှာပြန်ပြီး လ က်မခံတော့ပါဘူး။ 

MC Mong 

Google

MC Mong ဟာဆိုရင်လည်း စစ်မှုထမ်းဆောင်မှုကနေ ကင်းလွတ်ချင်ခဲ့တာကြောင့် သွားအချောင်းရေ အများကြီးကိုနှုတ်ခဲ့တဲ့ သူဖြစ်ပါတယ်။ 

သွားအချောင်းရေအများကြီးကို နှုတ်ပြီး ၇ နှစ်တိတိ စစ်မှုထမ်း ဥပဒေကို ရှောင်ရှားခဲ့တဲ့ MC Mong ဟာစစ်မှုထမ်းဥပဒေကို ရှောင်ရှားခဲ့တယ်ဆိုတဲ့ အပြစ်တွေ့ရှိပြီးနောက်မှာ ထောင် ၆ လ အကျခံခဲ့ရပါတယ်။ MC Mong ကိုလည်း ယောကျာ်းပီသတဲ့ စိတ်ဓာတ်ပိုင်ရှင် မဟုတ်ဘူးဆိုကာ တောင်ကိုရီးယား ပရိသတ်တွေကအနုပညာလမ်းကြောင်းထက်ဆီကို ပြန်မလာဖို့ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။