အသက် (၁၀) နှစ်အရွယ် သရက်ကင်သည်လေး ဂျမ်းတောဆိုတဲ့ကောင်မလေးက မိသားစု စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရှာဖွေ ရုန်းကန်နေသူဖြစ်ပြီး စကားကိုအမြန်ပြောရင်းကနေ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးလာခဲ့သူလေးပဲ ဖြစ်ပါတယ်။


ဂျမ်းတောလေးက မွေးချင်းမောင်နှမ (၁၀)ယောက်လုံးကို သရက်ကင်ရောင်းရင်းရှာဖွေ ကျွေးနေတာဖြစ်ပါတယ်။ ဂျမ်းတောလေးရဲ့ အမေဖြစ်သူကလည်း မကြာသေးခင်ရက်ပိုင်းလေးကပဲ ကွယ်လွန်သွားခဲ့တာကြောင့် ပရိသတ်တွေကလည်း ဂရုဏာသက်နေကြတာပါ။ ပရိသတ်တွေကလည်း သူတို့မိသားစု စားဝတ်နေရေးလေး အဆင်ပြေအောင် တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။


ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံက အလှူရှင်တွေကစုပြီး ဂျမ်းတောတို့ သားအဖကို သိန်း ၂၀ ကျော်ကို ကိုစည်သူက ကိုယ်စားသွားလှူပေးခဲ့တာဖြစ်ပါတယ်။ ဂျမ်းတောလေးလည်း သရက်ကင်တွေကို ပင်ပင်ပန်းပန်း လိုက်လံရောင်းချနေရစရာမလိုတော့ဘဲ သားအဖတွေ ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဂျမ်းတောတို့မိသားစုလေးလည်း စီးပွားရေးတွေ အဆင်ပြေပြီး ခက်ခဲတဲ့ ဘဝတွေကနေ ရုန်းထွက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: စည်သူဘီကျဲ's FB Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။