မြန်မာ ပြည်မှာ ထယ်ဆောက်လို့ လူသိများတဲ့ တောင်ကိုရီးယားမင်းသား Won Bin  ဟာဆိုရင် သူနောက်ဆုံးရိုက်ကူးခဲ့တဲ့  'The Man From Nowhere’ ဇာတ်လမ်းနဲ့ ဇာတ်လမ်းတွဲတွေ ထပ်ပြီး မရိုက်ဖြစ်တော့တဲ့ သူဖြစ်ပါတယ်။  'The Man From Nowhere’ ဇာတ်လမ်း ရိုက်ကူးအပြီးမှာ Won Bin   ကိုယ်တိုင်လည်း စိတ်ကျရောဂါကိုတော်တော်လေးလေးနက်နက် ခံစားခဲ့ရတယ်လို့ သိရပါတယ်။ 

Google 
Google

အဆိုပါ ဇာတ်လမ်းတွဲက Won Bin ရဲ့ အကောင်းဆုံးဇာတ်လမ်းအဖြစ် အသိအမှတ် အပြုခံရတဲ့ ဇာတ်လမ်းလည်းဖြစ်ပါတယ်။ 

Google
Google

'The Man From Nowhere' ဇာတ်လမ်းက Won Bin ရဲ့ နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ဇာတ်လမ်းတွဲတွေထဲမှာမတွေ့ရတော့ ၁၂ နှစ်ကျော်သွားပြီဖြစ်တဲ့ Won Bin  ကို ပြန်လာစေချင်တဲ့ ပရိသတ်တွေကလည်းအများကြီးပဲ ဖြစ်ပါတယ်။ 

Google

တောင်ကိုရီးယားနိုင်ငံမှာ အနုပညာလောကကနေ တရားဝင်အနားယူသွားတဲ့ သရုပ်ဆောင်တွေကို မင်သား/မင်းသမီးဟောင်း ၊ သရုပ်ဆောင်ဟောင်း လို့ နာမည်တပ်ခေါ်လေ့ရှိကြပါတယ်။ ဒါကြောင့် အနုပညာလှုပ်ရှားမှုတွေထဲမှာ ပြန်မတွေ့ရတော့တဲ့ Hyun Bin ကို Netizen တွေက မင်းသားလို့ ခေါ်သင့်မခေါ်သင့် ဒွိဟဖြစ်နေကြတာပဲ ဖြစ်ပါတယ်။ 

Google
Google

ရုပ်ရှင် ဇာတ်လမ်းတွဲတွေမှာ မတွေ့ရတော့ပေမယ့် Won Bin ကတော့ ဓာတ်ပုံတွေ တင်မြဲတင်ဆဲပဲ ဖြစ်ပါတယ်။

Google

Won Bin ရဲ့ ဓာတ်ပုံတွေအောက်မှာလည်း Netizen တွေက “Won Bin ဘယ်အချိန် ဇာတ်ကားတွပြန်ရိုက်မှာလဲ” ၊“မင်းသားလို့ ခေါ်လို့ ရနိုင်လို့လား” ၊ “သူကကြော်ငြာ မင်းသားထက်ပိုတူနေတယ်။”  ၊ “သရုပ်မဆောင်တာ ၁၂ နှစ်ကျော်နေပြီမလား .. မင်းသားဟောင်းလို့ ခေါ်သင့်နေပြီ မဟုတ်လား”၊ “ရုပ်လေးကချောနေတာ ရုပ်ရှင်မရိုက်တာနှမြောလိုက်တာ” ၊ “သူကကြော်ငြာမင်းသားပဲ .. ရုပ်ရှင်မရိုက်လဲ ပိုက်ဆံတွေက ထားစရာနေရာမရှိဘူးလေ “ စတဲ့အကောင်းအဆိုး မှတ်ချက်တွေ အများကြီး ပေးထားကြပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။