တောင်ကိုရီးယား မော်ဒယ်သရုပ်ဆောင် ဖြစ်တဲ့ မင်းသမီး Joo Min Ha တစ်ယောက် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် Yoo Il နဲ့ ၄ နှစ်အကြာ ချစ်ကြိုက်ခဲ့ပြီးတဲ့နောက်မှာ လက်ထပ်တော့မယ်လို့ သိရပါတယ်။

Google

သတင်းဌာနတွေရဲ့ အဆိုအရ  Joo Min Ha က သရုပ်ဆောင် Yoo Il နဲ့အတူခန်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲကို ဇူလိုင်က ၁၇ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Google

မင်းသမီး Joo Min Ha က ၂၀၀၆ ခုနှစ်ကတည်းက အနုပညာလမ်းကြောင်းထက်ဆီကို ရောက်ရှိခဲ့တဲ့ သူဖြစ်ပါတယ်။ Joo Min Ha  ဟာ 'Sharp 3' ၊ 'My Wife Is A Super Woman'၊ 'Voice' စတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့သူဖြစ်ပါတယ်။

Google

တောင်ကိုရီးယားမင်းသား Yoo Il ဟာလည်း ၂၀၁၃ ခုနှစ်မှာကတည်းက 5urprise အဖွဲ့နဲ့ ပွဲဦးထွက်လာခဲ့တဲ့သူဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲတွေက 'Monster' နဲ့ 'Evergreen' ဇာတ်လမ်းတွဲတွေ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင် Yoo II တစ်ယောက် အနုပညာ လှုပ်ရှားမှုတွေကနေ အနားယူသွားခဲ့ပြီပဲဖြစ်ပါတယ်။

Google

အနုပညာသည်အချင်းချင်း ပြန်လည် လက်ထပ်ယူကြတော့မယ့် တောင်ကိုရီးယားမင်းသမီး Joo Min Ha နဲ့ မင်းသား Yoo Il တို့ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။