ဇွန်လ ၂၇ ရက်နေ့မှာ တောင်ကိုရီးယားမင်းသမီး Son Ye Jin ဟာ သူမကိုယ်ဝန်ရှိခဲ့တာကို အင်စတာဂရမ်စာမျက်နှာပေါ်ကနေ တစ်ဆင့်ကြေညာပေးခဲ့ပါတယ်။ ကိုယ်ဝန်စရှိခဲ့ချိန်က ကိုယ်ဝန်ရဲ့ သက်တမ်းက ၃ လရှိနေပြီပဲဖြစ်ပါတယ်။ Binjin စုံတွဲမှာ ကိုယ်ဝန်ရှိနေတာကို ကြားသိရချင်းမှာ ပရိသတ်တွေက များစွာပျော်ရွှင်နေခဲ့ကြပါတယ်။ မကြာသေးမီက ရှာဖွေဖော်ထုတ်ချက်တွေအရ Hyun Bin က ကိုယ်ဝန်ရှိတာကို စပြီး သိရှိခဲ့သူ မဟုတ်ဘူးလို့ သိရပါတယ်။

Google
Google
Google
Google

Son Ye Jin က မိဘတွေအိမ်သွားလည်ရင်းနဲ့ ကိုယ်ဝန်ရှိတာကို သိရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ မိဘတွေအိမ် သွားလည်စဉ်မှာ Son Ye Jin တစ်ယောက် မအီမသာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။ မအီမသာဖြစ်နေတဲ့ Son Ye Jin ကို Son Ye Jin မိခင်က မသင်္ကာတာကြောင့် အိမ်ဘေးနားက ဈေးဝယ်စင်တာက ဆီးစစ်တံ သွားဝယ်ပြီး ကိုယ်ဝန်ရှိမရှိ စစ်ဆေး ပေးခဲ့တယ်လို့ သိရပါတယ်။

Google
Google

ရလဒ်အားဖြင့် Son Ye Jin တစ်ယောက် ကိုယ်ဝန်ရှိနေတာကို သိခဲ့ရတယ်လို့ သိရပါတယ်။ဒါကြောင့် Son Ye Jin ကိုယ်ဝန်ရှိတာကို ပထမဦးဆုံး သိခဲ့ကြတာက Hyun Bin မဟုတ်ဘဲ Son Ye Jin ရဲ့ မိဘတွေပဲ ဖြစ်ပါတယ်။ ဂုဏ်ယူပါတယ် Binjin စုံတွဲလေးရေ …

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။