ပရဟိတမင်းသမီး ခိုင်နှင်းဝေဟာဆိုရင် အနယ်နယ် အရပ်ရပ်က ကလေးငယ်လေးတွေကို ဂေဟာလေးဖွင့်ပြီး ကာကွယ်စောင့်ရှောက်ပေးနေတဲ့သူဖြစ်ပါတယ်။ ခိုင်နှင်းဝေ ပရဟိတ ဂေဟာမှာ အရွယ်မရောက်သေးတဲ့ နို့စို့အရွယ် ကလေးငယ်လေးတွေကစလို့ အရွယ်ရောက်ပြီးသား ကလေးငယ်လေးတွေအထိ ရှိပါတယ်။ ငယ်ငယ်ကတည်း အချင်းချင်း ရိုင်းပင်းကူညီတတ်အောင် သင်ကြားပြသပေးခြင်း ခံခဲ့ရတဲ့ ပရဟိတ မင်းသမီး ခိုင်နှင်းဝေရဲ့ ကလေးလေးတွေဟာ အချင်းချင်းလည်း အရမ်းကို ချစ်တတ်ကြသူလေးတွေ ဖြစ်ပါတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

ဒီအထဲမှာ ကိုအာကြီးလေးလည်း တစ်ယောက် အပါအဝင်ပဲ ဖြစ်ပါတယ်။ အားကြီးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ ခိုင်ထက်ဦးမောင်လေးတစ်ယောက်  သူ့အငယ်လေးတွေကို ကူညီထိန်းကျောင်းပေးနေတဲ့ ဗီဒီယိုဖိုင်လေးကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးလျက်ရှိပါတယ်။ ဒီဗီဒီယိုလေးကို ပရဟိတမင်းသမီး ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ “ဗိုလ်အာကြီး ကလေးကူထိန်း” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ဝေမျှပေးလာခဲ့တာဖြစ်ပါတယ်။

Khine Hnin Wai's Facebook
Khine Hnin Wai's Facebook

အာကြီးလေးက အစ်ကိုကြီး အဖရာ ဆိုသလိုပဲ အငယ်လေးတွေကို ထိန်းသိမ်းစောက်ရှောက်မှုပေးနေတာ တော်တော်လေး ချစ်ဖို့ကောင်းလှပါတယ်နော်.. အငယ်လေးတွေကို ထိန်းသိမ်းရှောက်မှုပေးနေတဲ့ အာကြီးလေးရဲ့ ချစ်စရာ ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။