လာမယ့်သြဂုတ်လ (၃၁) ရက်မှာ ဦးကျော်သူနဲ့ဒေါ်ရွှေဇီးကွက်တို့ရဲ့ လက်တွဲခဲ့ကျတဲ့ မင်္ဂလာသက်တမ်း (၃၆) နှစ်ပြည့်မှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ရဲ့ ဓမ္မပန်းတိုင်ကိုလည်း အမြင်ရှင်းစွာကိုယ်စီကိုယ်ဌ တွေ့မြင်ခဲ့ပါပြီလို့လည်း ပြောထားပါတယ်။ဦးကျော်သူဟာ ဒေါ်ရွှေဇီကွက်ကို ငယ်ဘဝဒေါ်ရွှေဇီကွက်မိဘများက လည်းသဘောမတူခဲ့ပါဘူး။ဒါအပြင် ဒေါ်ရွှေဇီကွက်သဘောမတူဘဲ ကားတင်ပြေးခဲ့ပါသေးတယ်လို့ အတိတ်ဘဝရဲ့ဖြစ်ခဲ့တဲ့သူဘဝအကြောင်းလေးကိုလည်းပြောပြထားပါတယ်။

“အရမ်းအရမ်းချစ်မိပေမဲ့လည်း ဘဝချင်းကကွာခြား၊ကျွန်တော်ကစာညံ့၊စာမေးပွဲ တဘုန်းဘုန်းကျ၊ဆေးပါချလေတော့ သူမ၏မိဘများကသဘောမတူ။ဒီတော့ကား သူငယ်ချင်းတွေနဲ့မောင်တိုင်ပင်။ဟောဒီ ဗောစွပ်ကင်ကားကြီးနဲ့သူမသဘောမတူဘဲ အတင်းကားတင်ပြီးခိုးပြေး၊အချစ်အိမ်လေးတည်ဆောက်။ဒီလမ်းခရီးကားယခုဆို(၃၆) နှစ်ပြည့်ပြီ။” လို့ငယ်ဘဝကို လွမ်းမောဖွယ် ပြန်ပြောပြခဲ့ပါတယ်။ဦးကျော်သူဟာ လူငယ်ဘဝဆိုးခဲ့ပင်မဲ့လည်း အခုချိန်မှာတော့ ကမ္ဘာကလေးစားစံတင်ရတဲ့လူတစ်ယောက်ဖြစ်နေပါပြီ။

ဒါအပြင်ထပ်၍ပြောထားပါသေးတယ် “ကျွန်တော်ကျွန်မတို့ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ငြိမ်းချမ်းဆုံးပန်းတိုင်ဖြစ်သော တရားဓမ္မကိုလည်းအမြင်ရှင်းစွာကိုယ်စီကိုယ်ဌ တွေ့မြင်နေရပြီဖြစ်ပါတော့သည်။ဒါကြောင့် (၃၆)နှစ်မြောက်တရားဓမ္မပန်းတိုင်ကို ရရှိရောက်ရှိခြင်းအမှတ်တရအဖြစ် မိတ်ဆွေ၊ဆရာသမား ရောင်းရင်း၊လုပ်ဖော်ကိုင်ဖက်ပရဟိတမောင်မယ်အပေါင်းတို့အား အဟာရဒါနပြုပါရစေ။နေ့ရက် (၃၁.၈.၂၀၁၇) အချိန် နံနက် (၁၀းဝဝ) နာရီ နေရာ နာရေးကူညီမှုအသင်း(ရန်ကုန်) သို့ကြွရောက်ပါရန် လေးစားပျူဌာစွာ ဖိတ်ကြားလိုက်ပါရသည်။ကြွရောက်လာတဲ့ ဧည်သည်တွေကု် အုန်းထမင်းနဲ့ကြက်သားဟင်းကျွေးမှာဖြစ်ပါတယ်။” လို့ဖေ့ဘုတ် စာမျက်နှာမှာရေးသားထားပါတယ်။

ဦးကျော်သူဟာ မကြာမီကတောင်ကိုရီးယားမှလွတ်လပ်ရေးနေ့အထိမ်းအမှတ်ရုပ်ရှင်ပြိုင်ပွဲသို့သွားရောက်ခဲ့ပါသေးတယ် “ငဘရုပ်ရှင်ကိုကားအား ယနေ့တောင်ကိုရီးနိုင်ငံလွပ်လပ်ရေးနေ့အထိမ်းအမှတ်ရုပ်ရှင်ပွဲတော်ကျင်းပရာ အင်ဂျွန်းမြို့နှင့်ဟွာဆောင်းမြို့များတွင် ကိုရီးယားစာတန်းထိုး၍ပြသခဲ့ရာ ကြည့်ရှုသူအပေါင်း နှစ်ခြိုက်အားကေးခဲ့ပြီးမြန်မာပြည်သူလူထု လူငယ်များ၏ချီးမြင့်သော အကယ်ဒမီဆုအားရရှိခဲ့ပါသည်။” လို့ရေးထားပါသေးတယ်။သြဂုတ်လ (၃၁)ရက်နေ့မှာ ဦးကျော်သူတို့ဇနှီး မောင်နှံ (၃၆) နှစ်ပြည့်မှာဖြစ်လို့ ပရိတ်သတ်ကြီးလည်း ဆုတောင်းပေးလိုက်ပါအုံးနော်…..

သတင်းအရင်းမြစ် လွေတာသားရဲ႕ဟာသမ်ား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။