ပြည်သူ့မင်းသားလေး ပိုင်တံခွန်ဟာဆိုရင် ရုပ်ရည်ချောမောသလောက် အနုပညာစွမ်းရည် အပြည့်ရှိတဲ့သူဖြစ်ပါတယ်။ ရှည်လျားလွန်းတဲ့ အရပ်နဲ့ ချောမောလွန်းလှတဲ့ ပိုင်တံခွန်ဟာ ၂၀၁၄ ခုနှစ်ကတည်းက အနုပညာလှုပ်ရှားမှုလမ်းကြောင်းထက်ဆီကို ရောက်ရှိခဲ့တဲ့ သူဖြစ်ပါတယ်။ 

Paing Takhon’s Facebook 

လက်ရှိမှာဆိုရင်တော့ ပိုင်တံခွန်ကို မြန်မာက ပရိသတ်တွေသာမက နိုင်ငံတကာက ပရိသတ်တွေပါ တခဲနက်အားပေးနေကြပြီပဲ ဖြစ်ပါတယ်။ 

Paing Takhon’s Facebook 

ပိုင်တံခွန်က အကောင်လေးတွေချစ်တတ်ပြီး ထူးထူးဆန်းဆန်းအကောင်လေးတွေနဲ့ အတူ နေတတ်တဲ့ သူဖြစ်ပါတယ်။

Paing Takhon’s Facebook 

 အကောင်မှန်ရင် ဘယ်အကောင်ကိုမှ မကြောက်တတ်တဲ့ ပိုင်တံခွန်ဟာအခုတစ်ခေါက်မှာလည်း ပျားပိတုန်းကောင်ကို လိုက်ဖမ်းနေတဲ့ ပုံလေး တင်ပေးလာပါတယ်။ ပျားပိတုန်းလေးကို အတင်းလိုက်ဖမ်းနေတဲ့ ပိုင်တံခွန်ရဲ့ဗီဒီယိုလေးကို အောက်မှာ ဖော်ပြပေးထားပါတယ်။ 

Paing Takhon’s Facebook 

ဗီဒီယိုလေး ကြည့်ရတာ အသည်းတွေ ယားဖို့ ကောက်းလှပါတယ်။ တုပ်များ အတုပ်ခံလိုက်ရရင် ပိန်သွယ်နေတဲ့မျက်နှာလေးက ပါးဖောင်လေးဖြစ်သွားမှာပါ။  ? 

အတုပ်ကြမ်းတဲ့ ပျားပိတုန်းကောင်ကို မကြောက်မရွံ့ လိုက်ဖမ်းနေတဲ့ ပိုင်တံခွန်ရဲ့ ချစ်စဖွယ် ဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Paing Takhon’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။