CNBLUE အဖွဲ့ဝင် Yonghwa နဲ့ မင်းသား Lee Sang Yoon တို့ဟာ ယမန်နေ့က ကျင်းပခဲ့တဲ့ မင်းသမီး Jang Na Ra ရဲ့ မင်္ဂလာပွဲမှာ ကြည်နူးစရာကောင်းတဲ့ ဂုဏ်ပြုစကားလေးတွေကို အော်ဟစ်ပြောဆိုခဲ့ကြပါတယ်။ တောင်ကိုရီးယား မင်းသမီးလေး Jang Na Ra ရဲ့ မင်္ဂလာပွဲကို ဇွန်လ ၂၆ ရက်နေ့မှာ သူမ သတို့သားလောင်းနဲ့အတူ ကျင်းပ ပြုလုပ်ခဲ့ပါတယ် ။




မင်္ဂလာပွဲမှာ သတို့သမီးလေး မမ Jang Na Ra ကလည်း အဖြူရောင် ဂါဝန် ဝတ်စုံလေးနဲ့ လှပပြီး ကျက်သရေ ရှိလွန်းနေပါတယ်။ မင်္ဂလာအခမ်းအနားမှာ ပွဲအစီအစဉ် ကြေညာသူက အထူးဧည့်သည်နှစ်ယောက်ကို ခဏ ထဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ ပထမတစ်ယောက်က CNBLUE အဖွဲ့ဝင် Yonghwa ဖြစ်ပါတယ်။ Yonghwa က ၂၀၂၁ ခုနှစ်မှာ KBS2 ရဲ့ ဒရမ်မာဖြစ်တဲ့ 'Sell Your Haunted House' ဇာတ်လမ်းတွဲမှာ Jang Na Ra နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။


Yonghwa ကို အစီအစဉ်တင်ဆက်သူက အကျယ်ကြီးအော်ပြီး နှုတ်ဆက်စကားတစ်ခွန်း ပြောဖို့တောင်းဆိုခဲ့တာကြောင့် Yonghwa ကအခုလို အော်ပြောခဲ့တာ ဖြစ်ပါတယ်။
누나 잘가아악 (하객분 초상권보호버전) pic.twitter.com/FDULTJSUIh
— parkjinseok (@torisil) June 26, 2022
“အစ်မရေ .. နှုတ်ဆက်ပါတယ်။”
Yonghwa ရဲ့ ကျယ်လောင်လှတဲ့ ဂုဏ်ပြုနှုတ်ဆက်စကားအပြီးမှာ ပရိသတ်တွေရဲ့ လက်ခုပ်သံတွေ ကြားခဲ့ရပါတယ်။ နောက်တစ်ယောက်ကတော့ သရုပ်ဆောင် Lee Sang Yoon ဖြစ်ပါတယ်။



Lee Sang Yoon က Jang Na Ra နဲ့ ၂၀၁၉ ခုနှစ်မှာ VIP ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။ Lee Sang Yoon ကလည်း အစီအစဉ်တင်ဆက်သူရဲ့ တောင်းဆိုချက်ကြောင့် “နှုတ်ဆက်ပါတယ်။ ပျော်ရွှင်ပါစေ။ ကောင်းမွန်ပျော်ရွှင်သော ဘဝလေးကို ရရှိပါစေ “ ဆိုပြီး ဆုတောင်းပေးခဲ့ပါတယ်။
sang yoon screaming goodbye and be happy hahaha @ jang nara's wedsding today ? pic.twitter.com/eFTuvoma0j
— 沈雨? (@shjzlylywyz_jnr) June 26, 2022
ထပ်မံပြီးတော့လဲ CNBLUE အဖွဲဝင် Yonghwa က ဇနီးမောင်နှံ နှစ်ယောက် အတွက် မင်္ဂလာဂုဏ်ပြုသီချင်းလေး “Love Light" ကို သီဆိုပေးခဲ့ပါတယ်။
220626 #YongHwa #정용화 #CNBLUE #씨엔블루
— TookJYH (@TookJYH) June 26, 2022
@ Jang Nara wedding
cr. pinkfit_ms pic.twitter.com/i0PE04u0k5
အစ်မလို ခင်ရတဲ့ သူရဲ့ မင်္ဂလာပွဲကို ကြွရောက်လာပြီး ဂုဏ်ပြုပေးခဲ့ကြတဲ့ အဆိုတော်သရုပ်ဆောင် Yonghwa နဲ့ Lee Sang Yoon တိုရဲ့အကြောင်းကို ချစ်စဖွယ်လေး ဝေမျှပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။