တောင်ကိုရီးယား အဆိုတော်အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Eli ဟာ သူ့ရဲ့ ဇနီးဖြစ်သူနဲ့ ၂၀၁၄ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ ကွာရှင်းခဲ့တာဖြစ်ပါတယ်။ ကွာရှင်းပြီးနောက်မှာ သားလေး တစ်ယောက်ရရှိခဲ့တဲ့ Eli ဟာ အမေရိကားက မိဘတွေရှိတဲ့ဆီမှာ ပြန်သွားနေခဲ့ပါတယ်။

Google
Google

မကြာသေးမီအချိန်ကတော့ Eli က TV CHOSUN ရဲ့ 'We Got Divorced 2’ အစီအစဉ်မှာ ဇနီးနဲ့ သားလေးကို ပြန်ပြီးလာတွေ့ခဲ့ပါတယ်။ အစီအစဉ်လေးထဲမှာ ကွဲကွာနေတဲ့ မိသားစုလေး ၃ ယောက်ကို အတူတကွ ပြန်တွေ့ရတာကြောင့် ပရိသတ်တွေက စိတ်မကောင်း ဝမ်းနည်း ဖြစ်နေကြပါတယ်။ ချစ်လျက်နဲ့ ကွဲကွာနေကြတဲ့ မိသားစုလေး ပြန်လည် စုစည်းနိုင်စေဖို့လည်း ပရိသတ်တွေက ဆုတောင်းပေးထားကြပါတယ်။

Google

ဒါပေမယ့်လည်း Eli က အမေရိကားကို ပြန်ဖို့ ရွေးချယ်ခဲ့ပြီး  သားဖြစ်သူနဲ့ ဇနီးဟောင်းဖြစ်သူကို နောက်ဆုံး နှုတ်ဆက်စကားလေး ပြောခဲ့ပါတယ်။ ဇနီးဟောင်းဖြစ်တဲ့ Ji Yeon Soo က ခင်ပွန်းဖြစ်သူ ထွက်ခွာသွားတော့မယ်လို့ သိတဲ့အချိန်မှာ ဝမ်းနည်းစွာနဲ့ ငိုကြွေးနေခဲ့ပါတယ်။ စိတ်မကောင်းဖြစ်နေတဲ့ မိခင်ကို နှစ်သိမ့်ပေးနေတဲ့ သားလေး Minsoo ပုံရိပ်လေးကလည်း ပရိသတ်တွေကို များစွာ စိတ်မကောင်း ဖြစ်သွားစေပါတယ်။

Google

အစီအစဉ်လေးထဲမှာ သားလေးကလည်း သူ့အဖေနဲ့ အမေ မိဘနှစ်ပါးတို့နဲ့ အတူတူနေချင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။  ဒါပေမယ့်လည်း Eli က နောက်ဆုံးမှာ ထွက်ခွာသွားဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။ Eli က ဇနီးဟောင်းဖြစ်သူ Ji Yeon Soo ကို သားဖြစ်သူရဲ့ မိခင်အဖြစ်သာ သဘောကျတော့တာဖြစ်ပြီး တခြား စိတ်ခံစားချက်တွေ ကုန်ခမ်း သွားပြီဖြစ်တာကြောင့် ပြန်လည် ပေါင်းစည်းဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။ အခုလို အမေရိကားကို ပြန်သွားဖို့ ဆုံးဖြတ်ရတာလည်း သားဖြစ်သူကို မျှော်လင့်ချက် အမှားတွေ မပေးချင်တာကြောင့် ရွေးချယ်ခဲ့ရတာလို့ Eli က ဆိုပါတယ်။

Google

Eli နဲ့ Ji Yeon Soo က အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံလေးဖြစ်ပြီး သားလေး မွေးပြီးနောက်မှာလည်း ပြည့်စုံသာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ခဲ့ကြတဲ့ သူလေးတွေလို့ ပရိသတ်တွေက ထင်ခဲ့ကြတာဖြစ်ပါတယ်။

Google
Google

အခုလိုမျိုး တစ်ကွဲတစ်ပြား ဖြစ်သွားမယ်လို့တော့ ဘယ်သူမှ မမျှော်လင့်ခဲ့ကြပါဘူး။ ဘယ်လိုမှ ပြန်ပေါင်းစည်းလို့ မရနိုင်တော့တဲ့ Eli နဲ့ Ji Yeon Soo တို့ မိသားစုလေး အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။