သဇင်ထူးမြင့်ဟာဆိုရင် သရုပ်ဆောင်လည်းဖြစ် ဒါရိုက်တာလည်းဖြစ်တဲ့ ဦးခင်လှိုင်ရဲ့ သမီးအထွေးလေးဖြစ်ပါတယ်။ ဖခင်ကြီးရဲ့ အနုပညာအမွေတွေ လက်ဆင့်ကမ်း ခံယူထားတဲ့ သဇင်ထူးမြင့်လေးဟာ ရုပ်ရည်ချောမောပြီးကြည်လင်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူဖြစ်ပါတယ်။ သဇင်ထူးမြင့်ကို ၂၀၁၈ ခုနှစ်တုန်းက ရွှေကြိုအဖြစ်နဲ့ စပြီး သိခဲ့ကြတာဖြစ်ပါတယ်။ 

Thazin Htoo Myint’s Facebook 
Thazin Htoo Myint’s Facebook 
Thazin Htoo Myint’s Facebook 

ဘဝကို အေးဆေးတည်ငြိမ်စွာနဲ့ ဖြတ်သန်းနေတဲ့ သဇင်ထူးမြင့်လေးက မိဘတွေရဲ့ စီးပွါးရေးကိုလည်း ဦးစီးဆောင်ရွက်ပေးနေတဲ့သူလေးဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာရော စီးပွါးရေးပိုင်းမှာရော မိဘတွေရဲ့ အားတစ်အား ဖြစ်တဲ့သဇင်ထူးမြင့်လေးက သူမရဲ့ တစ်နေ့တာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ အမြဲတင်ပေးနေကြဖြစ်ပါတယ်။ 

Thazin Htoo Myint’s Facebook 
Thazin Htoo Myint’s Facebook 

အခုတစ်ခေါက်မှာလည်း သဇင်ထူးမြင့်လေးက အလုပ် တွေပိပြီး နေမကောင်းဖြစ်နေတဲ့ အကြောင်းလေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ဝေမျှပေးလာခဲ့ပါတယ်။ 

Thazin Htoo Myint’s Facebook 

နေမကောင်းဖြစ်နေလို့ ဆေးသွင်းကုသနေရတဲ့ သဇင်ထူးမြင့်လေးကို ပရိသတ်တွေက နေကောင်းကျန်းမာလာဖို့အတွက် ဝိုင်းဝန်းဆုတောင်းပေးနေကြပါတယ်။ အမြန်ဆုံးနေကောင်းကျန်းမာလာပါစေနော် သဲသဲလေးရေ ..?❤️

Thazin Htoo Myint’s Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။