တောင်ကိုရီးယားမင်းသမီး Park Ha Sun ဟာဆိုရင် မင်းသား Ryu Soo Young နဲ့ ၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ Park Ha Sun ဟာ လက်ထပ်ပြီးသိပ်မကြာခင်မှာပဲ ချစ်စရာ သမီးဦးလေးကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ 

Google
Google
Google

Park Ha Sun ဟာ Temptation, High Kick , Two Weeks , Love Affair in The Afternoon စတဲ့ ဇာတ်ကားကောင်းတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးခြင်းကို တခဲနက်ရရှိခဲ့တဲ့ သူဖြစ်ပါတယ်။သရုပ်ဆောင်အရမ်းကောင်းသလို ချစ်ဖို့လည်း အရမ်းကောင်းတဲ့ Park Ha Sun ကို အခုနောက်ပိုင်း ဇာတ်လမ်းတွဲတွေမှာ မတွေ့ရတော့ပါဘူး။ ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ခွင့် မရတော့တဲ့ အကြောင်းကို Park Ha Sun က ပြန်လည်ရှင်းပြပေးခဲ့ပါတယ်။ 

Google
Google

Park Ha Sun ဟာ ခင်ပွန်း ရှိတဲ့သူဖြစ်ပြီး သမီးလေးတစ်ယောက်ကို မွေးထားတဲ့ မိခင်ဖြစ်တာကြောင့် ဇာတ်လမ်းတွဲတွေထဲမှာ သရုပ်ဆောင်ဖို့ အကြိမ်ကြိမ် အငြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ 

Google

ဇာတ်လမ်းတွဲတွေထဲမှာ ပါဝင်သရုပ်ဆောင်ဖို့ မင်းသားမင်းသမီးတွေ ရွေးချယ်ရင် လက်မထပ်ရသေးတဲ့သရုပ်ဆောင်တွေကိုသာ ရွေးချယ်ကြပြီး ဒုတိယ ဦးစားပေးအနေနဲ့ လက်ထပ်ပြီးသား သရုပ်ဆောင်တွေကိုရွေးချယ်လေ့ရှိတယ်လို့ သိရပါတယ်။ ကလေးရှိပြီးသား သရုပ်ဆောင်တွေကို နောက်ဆုံး ဦးစားပေး အနေနဲ့သာရွေးချယ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ခင်ပွန်းနဲ့ သမီးလေးရှိတဲ့ Park Ha Sun ကို မရွေးချယ် ဖြစ်တော့ဘဲ အခြား မင်းသမီးတွေကို ထည့်သွင်း ရိုက်ကူးဖြစ်တဲ့ အခြေအနေရှိနေပါတယ်။ 

Google

Park Ha Sun အနေနဲ့ကတော့ အခုလို ခွဲခြားဆက်ဆံတာမျိုးကို သဘောမကျဘဲ သူမက အားလုံးထင်ထားတာထက်ပိုပြီး လုပ်နိုင်တာကို သိစေချင်တယ်လို့ သိရပါတယ်။ 

Google
Google

ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့် ချစ်ဖို့ကောင်းဆဲချောမောဆဲ တောင်ကိုရီးယားမင်းသမီးလေး Park Ha Sun တစ်ယောက် အနုပညာလှုပ်ရှားမှုတွေကနေ ပျောက်သွားတဲ့အကြောင်းအရင်း ကို Kdrama ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။