တစ်ချိန်က မြန်မာပရိသတ်တွေကြားမှာ လျမ်းလျမ်းတောက် အောင်မြင်ခဲ့တဲ့ ဆည်းဆာရင်ခုန်သံ “All About Eve ” ဇာတ်လမ်းလေးကို 90 Borns ပရိသတ်တွေ သေချာပေါက်သိကြမှာပါနော်။ ဖိနပ်ကားလေးလို့ နာမည်ကြီးတဲ့ ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းလေးက ထွက်ရှိခဲ့တာ နှစ်ပေါင်း ၂၀ ကြာသွားပေမယ့် အခုအချိန်အထိ ပရိသတ်တွေ ရင်ထဲမှာ စွဲလမ်းနေတဲ့ ဇာတ်လမ်းလေး ဖြစ်နေတုန်းပါပဲ။ 

Google

ဆည်းဆာရင်ခုန်သံ ဇာတ်လမ်းထဲမှာ အဓိကမြင်တွေ့ခဲ့ရတဲ့ ဆန်းမီနဲ့ ယွန်းမီတို့ရဲ့ ဇာတ်ကောင်လေးတွေကိုလည်းသေချာပေါက်မှတ်မိကြမှာပါနောာ်။ 

Google
Google

ဇာတ်လမ်းထဲမှာ ဆန်းမီက ရိုးသားကြိုးစားပြီး စိတ်ကောင်းရှိတဲ့ ဇာတ်ကောင်လေးဖြစ်ပြီး ယွန်းမီကတော့ မနာလိုကောက်ကျစ်ပြီး တစ်ဖက်သားကို တွန်းချတတ်တဲ့ ဗီလိန် ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။ 

Google

ဆန်းမီ အဖြစ် မင်းသမီး Chae Rim က ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယွန်းမီအဖြစ် မင်းသမီး Kim So Yeon က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ နှစ်ဦး သားရဲ့ ထိမိကောင်းမွန်လွန်းလှတဲ့ သရုပ်ဆောင်ချက်တွေကြောင့်ပရိသတ်တွေမျက်လုံး မခွါနိုင်အောင် ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် အပြင်လက်တွေ့ဘဝမှာတော့ သူတို့နှစ်ဦးဘဝက မထင်ထားလောက်အောင် ကွာခြားသွားပါပြီ။ 

Google
Google

အိမ်ထောင် နှစ်ဆက်နဲ့ ဆန်းမီရဲ့ Single Mother ဘဝ 

Google

ဇာတ်လမ်းထဲမှာ အဓိကဇာတ်ကောင်  ဆန်းမီနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Chae Rim ဟာ single mother တစ်ယောက် အဖြစ်ရပ်တည်နေပြီး အနုပညာလှုပ်ရှားမှုတွေကနေ ပျောက်ကွယ်လုနီးပါတောင် ဖြစ်နေပါပြီ။ 

ဆည်းဆာရင်ခုန်သံ ဇာတ်ကားကြောင့်ပဲ Chae Rim  ကို တောင်ကိုရီးယားနိုင်ငံမှာသာမက တရုတ်နိုင်၊ ထိုင်ဝမ်နိုင်ငံက ပရိသတ်တွေပါ တခဲနက်အားပေးခဲ့ကြပါတယ်။ Chae Rim  ဟာ သူမရဲ့ ပထမဦးဆုံး ခင်ပွန်းဖြစ်သူ Lee Seung Hwan နဲ့ ကွာရှင်း ပြီးနောက်မှာ တရုတ်နိုင်ငံက တီဗီရှိုးတစ်ခုမှာပါဝင်ရင်း Cao Tu Ky ဆိုသူနဲ့ မေတ္တာမျှခဲ့ပါတယ်။ 

Google
Google

Cao Tu Ky နဲ့ မင်္ဂလာဆောင်ပြီးနောက်မှာ  Chae Rim က ချစ်ဖို့ကောင်းပြီး ချောမောလွန်းလှတဲ့ သားလေးတစ်ယောက်ကို ဖွားမြင်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပရိသတ်တွေက Chae Rim တစ်ယောက် အိမ်ထောင်ရေးနဲ့ပတ်သတ်ပြီး ပျော်ရွှင်ရတော့မယိလို့ မျှော်လင့်ခဲ့ကြတာ ဖြစ်ပါတယ်။ 

Google

ဒါပေမယ့်လည်း ၂၀၁၉ ခုနှစ်မှာ Chae Rim တစ်ယောက် သားဖြစ်သူလေးကို လက်ဆွဲပြီး ကိုရီးယားကို ပြန်လာခဲ့ပါတယ်။ တစ်ခါတည်းမှာပဲ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းလိုက်ပြီးဖြစ်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။Chae Rim ဟာ ဒုတိယခင်ပွန်းဖြစ်သူ Cao Tu Ky  နဲ့ ၂၀၂၀ ခုနှစ်မှာ ကွာရှင်းခဲ့ပြီး သားဦးလေးကို Single Mother အဖြစ် စောင့်ရှောက်ပေးခဲ့ပါတယ်။ 

Google
Google

အဲဒီအချိန်ကစလို့ Chae Rim  ဟာ တိတ်ဆိတ်ပြီး အနုပညာလှုပ်ရှားမှုတွေဆီကိုလည်း ပြန်ပေါ်လာခြင်း မရှိတော့ပါဘူး။ ကိုရီးယားမှာ သာမန် ကလေး တစ်ယောက်အမေအဖြစ် နဲ့သာ လျို့ဝှက်စွာနေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။ Chae Rim  ရဲ့မျက်နှာဟာလည်း ဆာဂျရီ ရှုပ်ထွေးမှုတွေ ဖြစ်နေတယ်လို့ ကြား သိရပါတယ်။ 

ပရိသတ်တော်တော်များများက သူတို့အရမ်းကြိုက်ပြီး အားပေးရတဲ့ မင်းသမီးလေး ဆန်းမီ (Chae Rim ) အတွက်နှမြောတသဖြစ်နေကြတုန်းပဲ ဖြစ်ပါတယ်။ 

Google

အသက်ကြီးမှ လက်ထပ်ပေမယ့် အိမ်ထောင်ရေး ကံကောင်းပြီး နာမည်မကျသွားဆဲ ယွန်းမီရဲ့အဖြစ် 

Google

ဇာတ်လမ်းထဲမှာ ဗီလိန်သရုပ်ဆောင် ယွန်းမီ အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Kim So Yeon ကတော့အိမ်ထောင်ကျနောက်ကျပေမယ့် သူမဘဝက ကောင်းမွန်မှုတွေပြည့်နေပြီး ရွှေရောင်တောက်ပတဲ့ နေ့ရက်ကိုပိုင်ဆိုင်နေရတုန်းပဲ ဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်းဖြစ်သူက မင်းသား Lee Sang Woo ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာလက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ 

Google
Google

အရမ်းချစ်တတ်တတ်တဲ့ ခင်ပွန်းဖြစ်သူကို ပိုင်ဆိုင်ထားတဲ့ အပြင်လောကက ယွန်းမီရဲ့ဘဝဟာ ဇာတ်လမ်းထဲကလိုဆိုးရွားမှုတွေနဲ့ ပြည့်မနေဘဲ သာယာလှပတဲ့ အကြည်ဓာတ်ဘဝလေး ကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ 

Google
Google

ဆည်းဆာရင်ခုန်သံဇာတ်လမ်းရဲ့ အဓိကသရုပ်ဆောင် နှစ်ယောက်ဖြစ်တဲ့ ဆန်းမီနဲ့ ယွန်းမီတို့ရဲ့ အပြင်လက်တွေ့ဘဝ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။