ထိုင်းနိုင်ငံရဲ့ အနုပညာရှင် စုံတွဲတွေထဲမှာ CH7 ရဲ့ထိပ်တန်းမင်းသား Weir Sukollawat နဲ့ CH3 ရဲ့ထိပ်တန်းမင်းသမီး Bella Ranee တို့ အတွဲဟာလည်း နာမည်ကြီးပါပဲ။ ချစ်သူသက်တမ်း(၁၀) နှစ်ကျော် ရှိနေပြီဖြစ်တဲ့ Weir နဲ့Bella couple လေးဟာ လက်ထပ်ဖို့အထိတောင် ဆွေးနွေးပြီးပြီ ဖြစ်ပေမယ့်လည်း မနှစ်က နှစ်ကုန်ပိုင်းလောက်မှာ သူတို့ရဲ့ အချစ်ရေးကတော့ အဆုံးသတ် ဇာတ်သိမ်းသွားပြီ ဖြစ်ပါတယ်။


Bella နဲ့ လမ်းခွဲပြီးနောက်မှာ Weir က အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာမှထုတ်ဖော်မပြောခဲ့ပေမယ့် Weir ရဲ့မိခင်ကတော့ အနာဂတ်ချွေးမလောင်းလေးကို သဘောကျ ချစ်ခင်နေပြီး သူမနဲ့ အတူတူရိုက်ထားတဲ့ ပုံတွေနဲ့ ထုတ်ကြွားခဲ့တာ ဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းကမဟုတ်တဲ့ Weir ရဲ့ ကောင်မလေးကတော့ ထိုင်းတော်ဝင်မိသားစု အသိုင်းအဝိုင်းကဖြစ်ပြီး အရမ်းကို ကျိကျိတက်ချမ်းသာတဲ့သူပဲ ဖြစ်ပါတယ်။


Vicki လို့ခေါ်တဲ့ သူမက မိသားစုရဲ့ အမွေတွေကို ဆက်ခံမယ့်သမီးလေးဖြစ်တဲ့အပြင် ပညာအရည်အချင်းကလည်း နိုင်ငံခြားကနေ မဟာဘွဲ့ယူထားတဲ့သူဖြစ်ပါတယ်။ ဆွေကြီးမျိုးကြီးထဲကဖြစ်တဲ့သူမကအသက်အရွယ်ငယ် သေးပေမယ့် ကိုယ်ပိုင်လုပ်ငန်းလည်း တည်ထောင်ထားတဲ့ အမှုဆောင် ဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။

Weir ရဲ့ သူငယ်ချင်းတွေပြောစကားအရ Weir ဟာ မိခင်ရဲ့စကားကို နားထောင်သူဖြစ်ပြီး Bella ကို လမ်းခွဲပြီး အခုကောင်မလေးနဲ့ အမြန်တွဲလိုက်တာက သူ့အမေကြောင့်လို့လည်း ဆိုထားကြပါတယ်။ Weir ရဲ့ မိခင်ဟာနိုင်ငံခြားမှာနေထိုင်သူဖြစ်ပြီး သားဖြစ်သူရဲ့ကောင်မလေးနဲ့ အနာဂတ်အတွက် စကားပြောဖို့ ထိုင်းနိုင်ငံကို တကူးတကလာရောက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်မှာ Weir ဟာ Vicki နဲ့ စေ့စပ်တော့မယ်လို့ သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။



Source : kampucheathmey.com
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။