တောင်ကိုရီးယားနိုင်ငံမှာဆိုရင် နာမည်ကြီး အိုင်လ်ဒေါ အချင်းချင်း လက်ထပ်ပြီးမင်္ဂလာဆောင်သွားကြတဲ့ အတွဲတွေက လက်ချိုးရေတွက်လို့ ရသလောက်ကို နည်းပါးပါတယ်။ အိုင်လ်ဒေါ အချင်းချင်းချစ်ကြိုက်မိကြပြီ ဆိုရင်လည်း အချိန်အကြာကြီး မြဲဖို့က ခက်ခဲပါတယ်။ 

Google

အခုဖော်ပြပေးမယ့် အိုင်လ်ဒေါစုံတွဲကလည်း လက်ထပ်ပြီး ၆ လအကြာမှာ ကွာရှင်းခဲ့ကြတာ ဖြစ်ပါတယ်။ 

Google

သူတို့တွေကတော့ Topp Dogg အဖွဲ့ဝင်ဟောင်း P-Goon နဲ့  Rania  အဖွဲ့ဝင်ဟောင်း Yumin တို့ ဖြစ်ပါတယ်။ Yumin ရဲ့ ပြောဆိုချက်အရ သူတို့စုံတွဲက ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ပထမဦးဆုံးရင်သွေးလေးကို ဖွားမြင်ခဲ့ကြတယ်လို့သိရပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးက လက်မထပ်ခင်မှာ ကိုယ်ဝန်ရှိနေခဲ့ကြတဲ့ အခြေအနေလေး ဖြစ်ပါတယ်။ 

Google
Google
Google

Yumin က ကွာရှင်းပြီးနောက်မှာ သူမရဲ့ ရင်သွေးလေးနဲ့ ပတ်သတ်ပြီး ဘာမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။အကြောင်းအရင်းကတော့ မိဘတွေရဲ့ အပြစ်ကြောင့် ကလေးငယ်လေးကို ဝိုင်းဝန်း ဝေဖန်ကြမှာကို အရမ်းစိုးရိမ်တာကြောင့်လို့ သိရပါတယ်။ 

Google

Yumin တို့ စုံတွဲဟာ လက်ထပ်ပြီးနောက်မှာ အဆင်မပြေမှုတွေ ပဋိပက္ခတွေ များစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။ ဒါကြောင့် လက်ထပ်ပြီး ၆ လအကြာမှာ ကွာရှင်းဖို့အတွက် ဆုံးဖြတ်ခဲ့ရတာလို့ Yumin ကဆိုပါတယ်။ 

Google
Google

Yumin ကလက်ရှိမှာ ရင်သွေးလေးကို သူမတစ်ယောက်တည်း တာဝန်ယူစောင့်ရှောက်နေပြီး ခင်ပွန်းဖြစ်သူနဲ့လည်းအဆက်အသွယ်ဖြတ်ထားတယ်လို့ သိရပါတယ်။ မီဒီယာတွေကိုလည်း အခုကိစ္စနဲ့ ပတ်သတ်ပြီး မလိမ်ညာထားချင်တာကြောင့် သူမတို့ ကွာရှင်းသွားပြီဆိုတဲ့အကြောင်းကို ပရိသတ်တွေဆီကို အသိပေးပေးဖို့ Yumin ကတောင်းဆိုခဲ့ပါသေးတယ်။ 

Google

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး ကလေးလည်းရှိပါလျက်နဲ့ သဘောထားချင်း မတိုက်ဆိုင်တာ ကြောင့် လက်ထပ်ပြီး လပိုင်းအကြာမှာ ကွာရှင်းခဲ့ကြတဲ့ တောင်ကိုရီးယား စုံတွဲလေးအကြောင်းကို စိတ်မကောင်းဖွယ်လေးအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။