တောင်ကိုရီးယားမင်းသမီး Jeon Mi-seon ဟာဆိုရင် သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ရုပ်ရှင် ဇာတ်လမ်းတွေ တော်တော်များများမှာ ပါဖူးတဲ့သူဖြစ်ပါတယ်။ သူမက ၄၈ နှစ်အရွယ်မှာ  ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Google
Google

Jeon Mi Seon ကွယ်လွန်သွားချိန်မှာ သားငယ်လေးနဲ့ ခင်ပွန်းဖြစ်သူ ကျန်ရစ်ခဲ့ပါတယ်။ Jeon Mi Seon ကွယ်လွန်သွားခဲ့ရတဲ့ အကြောင်းအရင်းက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ချစ်ရတဲ့ ခင်ပွန်းဖြစ်သူရယ် သားလေးရယ် ရှိပါလျက်နဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ပြီး လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့ မင်းသမီးကြီး Jeon Mi Seon မှာ ဘာတွေများ စိတ်ညစ်စရာတွေ ရှိခဲ့လို့လဲဆိုပြီး ပရိသတ်တွေက မေးခွန်းထုတ်ထားကြပါတယ်။

Google

Jeon Mi Seon က အသက် ၃၆ နှစ်မှာ လက်ထပ်ခဲ့တဲ့သူဖြစ်တာကြောင့် သူမရဲ့ သားလေးကို လည်း အသက်ကြီးမှ ရရှိပိုင်ဆိုင်ခဲ့တဲ့ သူဖြစ်ပါတယ်။ ဒါကြောင့် သားဦးလေးနဲ့ ပတ်သတ်ပြီး ဝေဖန်တိုက်ခိုက်မှုတွေ မခံနိုင်သလို သားလေးကိုလည်း ငုံထားမတတ် ချစ်တဲ့သူဖြစ်ပါတယ်။

Google

Jeon Mi Seon က သူမသားလေးကို အာရုံစိုက်ပြီး လူ့လောကအလည်မှာ မျက်နှာငယ်စေတဲ့ ဖြစ်ရပ်မျိုးနဲ့လည်း ဘယ်တော့မှ မကြုံစေချင်တဲ့ သူဖြစ်ပါတယ်။ ဒါကြောင့် Jeon Mi Seon က ရဲ့ ဈာပန ပွဲမှာ သားဖြစ်သူရဲ့ ပုံရိပ်လေးတွေကို ကျန်ရစ် မိသားစုက ထုတ်ဖော်ပြသခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

Google
Google

မိခင်ကြီး ကွယ်လွန်သွားချိန်မှာ သားလေးရဲ့ အသက်ကလည်း တော်တော် ငယ်ပါသေးတယ်။ အခုဆိုရင် တောင်ကိုရီးယား မင်းသမီးကြီး Jeon Mi Seon က ကွယ်လွန်သွားခဲ့တာ ၃ နှစ်တောင် ရှိသွားပြီပဲ ဖြစ်ပါတယ်။ သားလေးကို မိခင်မဲ့တဲ့သူအဖြစ် ခံစားချက်ကို အဓိကထားပြီး အဆုံးစီရင်သွားခဲ့တဲ့ တောင်ကိုရီးယား မင်းသမီးကြီး Jeon Mi Seon ရဲ့စိတ်မကောင်းဖွယ် ဖြစ်ရပ်လေးကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။