အနုပညာအလုပ်တွေကို အချိန်အတော်ကြာ လုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင် ထူးခန့်ကျော်ကတော့ သူတတ်ကျွမ်းထားတဲ့ ပညာနဲ့ ခုနှစ်ရက်သားသမီးတွေကို တတ်နိုင်သလောက် ကူညီပေးသူပဲ ဖြစ်ပါတယ်။ ထူးခန့်ကျော်က ထုံကျင်ကိုက်ခဲ၊ လေဖြတ် ၊လေငန်း ၊ အရိုး အကြောစတဲ့ ရောဂါဝေဒနာ ခံစားနေရတဲ့ သူများကို နေ့မနားညမနားဘဲ အခမဲ့ ဆေးကုသပေးနေခဲ့တာ ဖြစ်ပါတယ်။
ရောဂါဝေဒနာများကို သက်သာပျောက်ကင်းတဲ့အထိ စိတ်ရင်းစေတနာအပြည့်နဲ့ ကုသနေတဲ့ ထူးခန့်ကျော်ဆီကို ပြည်သူများအပြင် အနုပညာရှင်တချို့လည်း လာရောက်ပြီး ဆေးကုသမှု ခံယူကြတာ တွေ့ရပါတယ်။ ထူးခန့်ကျော် ရဲ့ မွှေးပျံ့နေတဲ့ ဂုဏ်သတင်းကြောင့် ဆေးကုသသူများ တစ်နေ့ တစ်နေ့ရာနဲ့ချီ ထိရှိပါတယ်။ ဒီကနေ့မှာတော့ ခုနှစ်ရက်သားသမီးများကို ဆေးကုသနေတဲ့ ထူးခန့်ကျော်က ကြည့်နူးစရာလေးတစ်ခု ဖော်ပြလာခဲ့တာ တွေ့ရပါတယ်။
ဒါကတော့ အသက်၁၂နှစ်အရွယ်ကနေ လက်များကွေးကောက်ပြီး မျက်လုံးပင်လန်တဲ့အထိ နှစ်ရှည်ခံစားနေရတဲ့ အတက်ဝေဒနာသည် တစ်ဦးကို ယူပြစ်သလို ပျောက်ကင်းသွားအောင် ဆေးကုသပေးနိုင်ခဲ့တာပါ။ ထူးခန့်ကျော်က ယခုလို ခံစားနေရတဲ့ ရောဂါဝေဒနာ ပျောက်ကင်းသွားတဲ့အတွက် ဝမ်းသာပီတိဖြစ်ရသလို တစ်နေ့တာ အမောလည်းပြေပျောက်စေတယ်လို့ဆိုပါတယ်။
နှစ်ရှည်ခံစားနေရတဲ့ အတက်ရောဂါကို သက်သာပျောက်ကင်းသွားတဲ့ အတွက် မိသားစုနှင့်အတူ အများစွာဝမ်းသာပီတိဖြစ်ရပါတယ်။ ပရိသတ်တွေကလည်း ခုနှစ်ရက်သားသမီးများရဲ့ ရောဂါဝေဒနာများကို ဒီထက်မက ကုသပေးနိုင်အောင် ထူးခန့်ကျော်ကို ဆုတောင်းမေတ္တာတွေ ပို့သပေးခဲ့ပါဦးနော်... ။
သတင်းအရင်းမြစ်: Source - Htoo Khant Kyaw
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။