တောင်ကိုရီးယားနိုင်ငံက ပရိသတ်တွေက သူတို့ချစ်ရတဲ့ အနုပညာရှင်တွေကို ချစ်ရင်လည်း အရမ်းချစ်ကြသလို ဝေဖန်ရင်လည်း ကြောက်ဖို့ကောင်းလောက်အောင် ဝေဖန်ချက်တွေက အရမ်းပြင်းထန်ကြပါတယ်။ ကိုရီးယားပရိသတ်တွေဟာ အနုပညာရှင်တွေရဲ့ ပုဂ္ဂိုလ်ရေးအကြောင်းအရာတွေ အပါအဝင် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲချက်တွေကိုလည်း ဝေဖန်လေ့ရှိကြပါတယ်။

ပရိသတ်တွေရဲ့ ဝေဖန်ခြင်း ခံခဲ့ရတဲ့အထဲမှာ တောင်ကိုရီးယားမင်းသား လီမင်ဟိုလည်း အပါအဝင်ပဲဖြစ်ပါတယ်။ လီမင်ဟိုဝေဖန်ခြင်းခံခဲ့ရတဲ့ ဓာတ်ပုံကတော့ ပြီးခဲ့တဲ့ ဇွန်လ အစောပိုင်းတုန်းက ကျင်းပခဲ့တဲ့ ‘Broker’ ဇာတ်လမ်း ထုတ်လွှင့်ပြသတဲ့ ပွဲအခန်းအနားတုန်းက ဓာတ်ပုံ ဖြစ်ပါတယ်။

Lee Min Ho at VIP Premiere of "Broker" movie✨
— L⛅ (@caramelhershey) June 2, 2022
Lee Minho and BTS V walking together in the same time to the premiere event ?#LeeMinHo #BrokerVIPpremiere #이민호 #브로커 #BTS #뷔
cr khussllen02 pic.twitter.com/tAnRrd01Wa

အဆိုပါ အခန်းအနားပွဲတတ်ရောက်ခဲ့တုန်းက လီမင်ဟို ရဲ့ ခန္ဓာကိုယ်အလေးချိန်က မသိမသာလေး ပြည့်ပြည့်လေး ဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် မျက်နှာလေးက မဆိုစလောက် ဖောင်းနေပြီး မျက်နှာက ကြီးသလိုလေး ဖြစ်နေပါတယ်။
Lee min ho ❤️ #LeeMinHo #leehulya pic.twitter.com/pnooqTw2F3
— Taehulya (@hulyakerimli7) June 2, 2022

ဒါကို တွေ့ရတဲ့ ပရိသတ်တွေက လီမင်ဟိုရဲ့ မျက်နှာလေးကို City Hunter ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ပုံစံလေးလိုမျိုး ပြန်ဖြစ်စေချင်တယ်ဆိုတဲ့ မှတ်ချက်တွေ ပေးထားကြတာပဲဖြစ်ပါတယ်။

အချို့ ပရိသတ်တွေဆို လီမင်ဟိုရဲ့ အလေးချိန်တတ်နေတဲ့ မျက်နှာကို မမှတ်မိဘဲ အခြားသူတစ်ယောက် လို့တောင် ထင်မှတ်ခဲ့ကြတယ်လို့ မှတ်ချက်တွေ ပေးထားကြပါတယ်။တောင်ကိုရီးယားမင်သား လီမင်ဟို ဟာဆိုရင် မကြာသေးမီအချိန်ကမှ အသက် ၃၅ နှစ်ပြည့်ထားတာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။