တောင်ကိုရီးယားမင်းသမီး ကင်တေဟီး  မင်္ဂလာပွဲမှာ ဝတ်ဆင်ခဲ့တဲ့ လက်ဝတ်ရတနာတွေအကြောင်းဟာ လူမှုကွန်ရက်ပေါ်မှာ စိတ်ဝင်စားမှု မြင့်တတ်လျှက်ရှိပါတယ်။ ဒီအကြောင်းအရာလေးကို ဇွန်လ ၂၂ ရက်နေ့က Mnet ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ “TMI NEWS SHOW” မှာ နာမည်ကြီး အနုပညာရှင်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ပတ်သတ်ပြီး ပြောခဲ့တာကနေ သိခဲ့ရတာဖြစ်ပါတယ်။

Google

တောင်ကိုရီးယားမင်းသမီး ကင်တေဟီး ဟာဆိုရင် တောင်ကိုရီးယားနာမည်ကြီး အဆိုတော် သရုပ်ဆောင် ရိန်းရဲ့ ဇနီးဖြစ်ပြီး သူတို့ နှစ်ဦးက ထိပ်တန်း ကြွယ်ဝချမ်းသာတဲ့ အနုပညာရှင် စာရင်းဝင်တဲ့ စုံတွဲလေး ဖြစ်ပါတယ်။ ရိန်းနဲ့ ကင်တေဟီး တို့ရဲ့ မင်္ဂလာပွဲကို Church ကျောင်းမှာပဲ ရိုးရိုးတန်းတန်း ကျင်းပခဲ့ကြပေမယ့် မင်္ဂလာပွဲမှာ အသုံးပြုခဲ့တဲ့ ရတနာတွေက ဘီလီယံနဲ့ ချီပါတယ်။

Google
Google

မင်္ဂလာပွဲမှာ ကင်တေဟီး ဝတ်ဆင်ခဲ့တဲ့ ရတနာက ကမ္ဘာ့ဈေးအကြီးဆုံး လက်ဝတ်ရတနာ Brand ဖြစ်ပါတယ်။ လက်ဝတ်ရတနာတွေထဲက ဈေးအကြီးဆုံး ပစ္စည်းက လက်စွပ်ဖြစ်ပြီး တန်ဖိုးငွေ ၆.၃ ဘီလီယံတန်ကြေးရှိပါတယ်။ ဒုတိယဈေးအကြီးဆုံးပစ္စည်းက နားကပ်နဲ့ လည်ဆွဲဖြစ်ပါတယ်။ နားကပ်နဲ့လည်ဆွဲ ရဲ့ တန်ဖိုးက ဝမ် သန်း ၂၀၀ တန်ကြေးရှိပါတယ်။ ဒါ့အပြင် ကင်တေဟီး က ချစ်ခြင်းမေတ္တာ ၊ သူငယ်ချင်းသံယောဇဉ် နဲ့ ယုံကြည်ချက်တို့ကို ဖော်ညွှန်းတဲ့ သင်္ကေတနဲ့ လက်ဝတ်ရတနာလေးတွေကိုလည်း ဝတ်ဆင်ခဲ့ပါသေးတယ်။

Google
Google
Google

မင်္ဂလာပွဲမှာ ကင်တေဟီး ဝတ်ဆင်ခဲ့တဲ့ ရတနာတွေရဲ့ တန်ဖိုးက စုစုပေါင်း ဝမ် ၆၆.၃၅ သန်း ရှိတယ်လို့ သိရပါတယ်။  ပွဲအခန်းအနားတွေ အားလုံးနဲ့ တွက်ကြည့်ရင် ဝမ် ၁၀ ဘီလီယံတန်ဖိုးရှိတယ်လို့ သိရပါတယ်။  တောင်ကိုရီးယားမင်းသမီး ကင်တေဟီး ရဲ့ ကြွယ်ဝချမ်းသာမှုအကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။