တောင်ကိုရီးယားမင်းသမီး Gong Hyo Jin ဟာဆိုရင် ကောင်းမွန်ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်တွေကြောင့် တောင်ကိုရီးယား အနုပညာလောကမှာ နေရာတစ်နေရာ ရရှိထားတဲ့သူဖြစ်ပါတယ်။ Gong Hyo Jin က အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး အခုအချိန်အထိ လက်မထပ်ရသေးတဲ့ သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း မမ Gong Hyo Jin ရဲ့ မင်္ဂလာပွဲကို မကြာခင်မှာ မြင်တွေ့ရတော့မှာလို့ သိရပါတယ်။

Google

Gong Hyo Jin က သူမထက် အသက် ၁၀နှစ်ငယ်တဲ့ အမေရိကန် - တောင်ကိုရီးယားကပြား လူမျိုးလေးနဲ့ တွဲနေတာဖြစ်ပါတယ်။ သူတို့နှစ်ဦး မကြာခင်မှာ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။ Gong Hyo Jin ရဲ့ ချစ်သူကောင်လေးက ရုပ်လေးချောတဲ့အပြင် အသက်လေးပါငယ်ရွယ်လွန်းနေတာကြောင့် ပရိသတ်တွေ အများအပြားရဲ့ စိတ်ဝင်စားမှုကို ခံနေရပါတယ်။

Google
Google
Google

မမ Gong Hyo Jin ရဲ့ ကောင်လေး နာမည်က Kevin Oh ဖြစ်ပြီး အသက်က ၃၂ နှစ်ရှိပြီဖြစ်ပါတယ်။ Kevin Oh က အမေရိကန်နိုင်ငံ ၊ Long Island မှာမွေးဖွားခဲ့တဲ့ သူဖြစ်ပြီး ကိုရီးယားနိုင်ငံမှာ အနုပညာ အလုပ်တွေ လာလုပ်နေတာဖြစ်ပါတယ်။ ဘာသာစကားအနေနဲ့ ကိုရီးယား ၊ တရုတ် နဲ့ အင်္ဂလိပ် ၃ မျိုး ပြောတတ်တဲ့ Kevin Oh ဟာဆိုရင် ချမ်းသာတဲ့ မိသားစုကနေ ဆင်းသတ်လာတဲ့သူဖြစ်ပါတယ်။ အဆိုတော်အနေနဲ့ အယ်ဘမ်ပေါင်း ၁၃ ခုတိတိ ထွက်ရှိခဲ့ပြီးတဲ့ Kevin Oh ဟာ ၂၀၁၆ ခုနှစ်ကတည်းက တစ်ကိုယ်တော် အဆိုတော်အဖြစ် စတင်ရပ်တည်ခဲ့တဲ့သူဖြစ်ပါတယ်။

Google
Google
Google

အသက်ငယ်ရွယ်ပေမယ့် မမ Gong Hyo Jin ကို တုန်နေအောင်ချစ်တာကြောင့် ပရိသတ်တွေက Gong Hyo Jin ကို အချစ်ရေး ကံကောင်းတဲ့သူလို့ သတ်မှတ်ထားကြပါတယ်။ အခုဆိုရင် သူတို့ စုံတွဲလေးက လက်ထပ်ပြီးရင် အတူနေထိုင်ဖို့အတွက် တောင်ကိုရီးယားနိုင်ငံမှာ ဈေးအမြင့်ဆုံး အိမ်တောင် ဝယ်ယူဖို့ တွေးထားကြတယ်လို့ သိရပါတယ်။ ချစ်ဖို့ကောင်းတဲ့ မနဲ့မောင် စုံတွဲလေးဖြစ်တဲ့ Gong Hyo Jin နဲ့ Kevin Oh တို့ စုံတွဲလေးအကြောင်းကို ချစ်စဖွယ်လေး ဝေမျှပေးလိုက်ပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။