X Factor စတား အဆိုတော် Tom Mann ဟာဆိုရင် သူ့အမျိုးသမီးဖြစ်သူ ဆုံးပါးသွားတဲ့ သတင်းနဲ့ပတ်သတ်ပြီး မကြာသေးမီက ပရိသတ်တွေဆီကို အသိပေးလာခဲ့ပါတယ်။ Tom Mann ရဲ့ အမျိုးသမီး ဖြစ်သူ Dani Hampson ဟာ ဆိုရင် မင်္ဂလာဆောင်မယ့်နေ့ မှာ ပဲ ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။ သူတို့နှစ်ဦးမှာ ၈ လသားအရွယ်သားလေးရှိပြီး အခုမှ မင်္ဂလာဆောင်ဖို့ စီစဉ်ဖြစ်ကြတာလို့ သိရပါတယ်။ သေဆုံးသွားတဲ့ အကြောင်းအရင်းကိုတော့ အခုအချိန်ထိ သေချာ မပြောထားသေးပါဘူး။

Google
Google

အဆိုတော် Tom Mann ဟာလည်း အခုလို ဆိုးရွားလွန်းလှတဲ့ ဖြစ်စဉ်ကြီးအတွက် များစွာ ယူကြုံးမရဖြစ်နေပါတယ်။ ပျော်ရွှင်ရမယ့် မင်္ဂလာပွဲမှာ အခုလို ဆိုးရွားလွန်းလှတဲ့ဖြစ်စဉ်ကြီး ဖြစ်ခဲ့တာကြောင့် ပင်လယ်ပြင်ကြီးလောက် ငိုခဲ့ရတယ်လို့လည်း Tom Mann ကဆိုထားပါတယ်။

Google

Tom Mann ဟာ သူ့ဇနီးဖြစ်သူနဲ့မင်္ဂလာပွဲကို ၂၀၂၀ ခုနှစ်ကတည်းက လုပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် မင်္ဂလာပွဲကို ၂၀၂၂ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ကြာ တဲ့အထိ စောင့်ပြီး မင်္ဂလာပွဲကို ပြုလုပ်နိုင်ခဲ့ ပေမယ့်လည်း မင်္ဂလာပွဲနေ့မှာ ဇနီးသည်ဟာ ဆုံးပါးသွားခဲ့ရပါတယ်။

Google
Google

ဇနီးသည်အတွက် သတင်းမေးတဲ့သူတွေကိုလည်း Tom Mann က အခုအချိန်မှာ ပူဆွေးသောကရောက်နေတာကြောင့် သူကိုယ်တိုင်အနေနဲ့ ဘာမှ မဖြေပေးနိုင်တဲ့အကြောင်း အသိပေးထားပါတယ်။ Tom Mann ရဲ့ သတို့သမီးလောင်း Dani Hampson ဟာ မင်္ဂလာပွဲ မစတင်ခင် နာရီပိုင်းအလိုမှာ ဆုံးပါးသွားခဲ့ရတာပါဖြစ်ပါတယ်။ မင်္ဂလာဆောင်မှာ သတို့သမီး သေဆုံးတဲ့ အဖြစ်က ရှားပါးလွန်းတဲ့ ဖြစ်စဉ်ကြီး ဖြစ်တာကြောင့် ကမ္ဘာတစ်ဝှမ်းကလည်း လူအများကလည်း  Tom Mann တို့ ဇနီးမောင်နှံအကြောင်းကို စိတ်မကောင်းဝမ်းနည်းဖြစ်နေကြပါတယ်။

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။