အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်သရုပ်ဆောင် Justin Timberlake ဟာသူကို့ယို့ကားယားကနေတဲ့ Video တစ်ပုဒ်နာမည်ကြီးခဲ့တာကြောင့် ပရိသတ်တွေကိုပြန်တောင်းပန်ခဲ့ရပါတယ်။သူတောင်းပန်ပုံကလည်း ဟာသနှောရင်း Instagram ပေါ်မှာ Stories တွေတင်ပြီး တောင်းပန်ခဲ့တာပါ။

image via Entertainment Weekly

ပြီးခဲ့တဲ့ဂျွန်လ ၁၈ ရက်နေ့က Washigton DC မြို့က Something in the Water ဂီတဖျော်ဖြေပွဲမှာ Justin ဟာ Beat Ya Feet စတိုင်လို့ခေါ်တဲ့ ကကွက်တွေကပြခဲ့ပါတယ်။အဲ့ဒီကကွက်တွေဟာ DC မြို့မှာ လွန်ခဲ့တဲ့နှစ် ၂၀  လောက်ကတည်းက နာမည်ကြီးတဲ့ကကွက်တွေပါ။ဒါပေမဲ့ သူကပုံက တော်တော်လေးကို့ယို့ကားယားဖြစ်နေတာကြောင့် ပရိသတ်တွေကတော့ တော်တော်စိတ်ပျက်ခဲ့ကြပါတယ်။နောက်ပိုင်း သူကခဲ့တဲ့ Video ကနာမည်ကြီးသွားချိန်မှာတော့ လူတွေကအပြောင်တွေလိုက်ပြော၊လိုက်လုပ်ကြပါတော့တယ်။

ကို့ရို့ကားယားကနေတဲ့ Video 

Video ထဲမှာ“DC ငါအကြောင်းပြချက်နှစ်ခုကြောင့် မင်းတို့ကိုတောင်းပန်ချင်ပါတယ် ဒါနဲ့ဒါကြောင့်ပါ”ဆိုပြီး သူ့ခြေထောက်နှစ်ချောင်းကို ပြခဲ့ပါတယ်။ “ငါ့ခြေထောက်နှစ်ချောင်းလုံးနဲ့ စကားသေချာပြောပြီးသွားပြီ တစ်ချောင်းချင်းစီနဲ့ရောပဲ ငါ့ကိုဘယ်တော့မှအဲ့လိုထပ်မလုပ်နဲ့လို့မှာထားတယ် ဖြစ်နိုင်တာကတော့ ကာကီဘောင်းဘီကြောင့် ကာကီ Vibe ရသွားတာဖြစ်နိုင်လိမ့်မယ်”လို့ပြောခဲ့ပါတယ်။သူကခဲ့ချိန်တုန်းက ကာကီရောင်ဘောင်းဘီဝတ်ထားခဲ့တာပါ။

Justin ဟာအဲ့လိုမျိုးဟာသတွေနှောပြီး တောင်းပန်နေတာနဲ့တင်မပြီးသေးပါဘူး။TikToker တစ်ယောက်ဖြစ်တဲ့ Corey O’Brien ကသူ့ကကွက်အတိုင်း ပြန်ကပြထားတဲ့ Video ကိုလည်း Ig Story မှာတင်ထားကာ Nailed It ဆိုပြီးတော့ Caption ပါရေးထားပါသေးတယ်။နောက် Story တစ်ခုမှာလည်း ကလေးမလေးတစ်ယောက် Beat Ya Feet ကထားတဲ့ Video မှာ “She did it better than JT”ဆိုတဲ့ Caption ကိုလည်း “I don’t disagree”လို့ပြန်ရေးတင်ထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။