ခပ်မိုက်မိုက် သီချင်း တွေကို အသံပါဝါကောင်းကောင်းနဲ့သီဆိုလေ့ရှိပြီး ဂီတပညာရပ်မှာ ဝါသနာအရင်းခံပြီး တကယ်ကိုပါရမီပါတဲ့ အဆိုတော်တစ်ဦးလို့ ဆိုလာရင်တော့ Idiots Band က တေးသံရှင် အဆိုတော် ရေမွန် ကိုပဲဖော်ပြရမှာဖြစ်ပါတယ်။
အဆိုတော် ကိုရေမွန် ဟာ လွန်ခဲ့တဲ့ (၂၀၂၁)ခုနှစ် ၊ ဇွန်လ (၂၃)ရက်နေ့ က ကွယ်လွန်ခဲ့ပြီး သူကွယ်လွန်ခဲ့ခြင်း ဟာ သူ့မိသားစု ၊ အနုပညာလောက နဲ့ ပရိသတ်များအားလုံးအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့ရပါတယ်။
ဒီကနေ့ ဇွန်လ(၂၃)ရက်နေ့ဟာ တွတ်ပီလို့အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ ကိုရေမွန် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်တဲ့နေ့ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးက ချစ်ခင်ကြတဲ့ ကိုရေမွန် ဘဝဆက်တိုင်းမှာ စိတ်အေးချမ်းသာစွာ နဲ့ ပျော်ရွှင်နိုင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ လို့ ဝမ်းနည်းစွာ ဆုတောင်းရင်း ကိုရေမွန့် ပုံတွေကို အလွမ်းပြေကြည့်ရှုနိုင်စေရန် ဖော်ပြလိုက်ရပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။