အဆိုရှင်လည်းဖြစ်၊ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်လည်းဖြစ်သလို ပရိသတ်ကြိုက်တေးသီချင်းတွေ နဲ့ အားပေးမှုရရှိထားတဲ့ ၀ိုင်းစုခိုင်သိန်းက အဆိုရှင် အောင်လနဲ့အတူ ချစ်ခြင်းဖွဲ့Couple တက်တူးကို ထိုးလိုက်ပုံကတော့ လူမှုကွန်ရက်မှာတော့ လူပြောများ စိတ်ဝင်စားနေသူများနေပါတယ်။ အောင်လနဲ့ဝိုင်းစုခိုင်သိန်းတို့ အတူတကွ ပုံဖော်ထိုးလိုက်တဲ့ တက်တူးက ဘာအဓိပ္ပယ်လဲဆိုပြီး လူတွေက စိတ်ဝင်စားနေလျက်ရှိပါတယ်။



အောင်လနဲ့ဝိုင်းစုခိုင်သိန်းတို့ ထိုးလိုက်တဲ့ ချစ်ခြင်းဖွဲ့ Couple တက်တူး ကတော့ ဒိတ်ဒိတ်ကြဲ ဗီလိန်ဇာတ်ကောင် ဂျိုကာနဲ့ တွဲဘက် ဟယ်လင်းကွင်း ပုံရိပ်ပဲဖြစ်ပါတယ်။ အစဉ်အလာကြီးမားတဲ့ DC ရဲ့စူပါဗိလိိန် တစ်နည်းပြောရရင် လင်းနို့လူသားရဲ့အဓိကရန်သူ စုံတွဲ Joker & Harley Quinn ပုံရိပ်ကို ခြေထောက်မှာ ပုံဖော်ထိုးလိုက်တာပဲဖြစ်ပါတယ်။



အော်စကာဆုရ ဇာတ်ကားဖြစ်တဲ့ Suicide Squad ဇာတ်ကားမှာ Joker နဲ့Harley Quinn တို့ အပြန်အလှန် ပြောစကားကလည်း အတော်လေး ထင်ရှားခဲ့တာ သတိရမိမှာပါ။
Joker ; မင်းငါ့အတွက်သေပေးနိုင်မလား
Harley ; အွန်း
Joker ; လွယ်လွန်းတယ် မင်းငါ့အတွက်အသက်ရှင်ပေးနိုင်မလား
ဘာပဲပြောပြော ချစ်ခြင်းဖွဲ့ Couple တက်တူး ထိုးလိုက်တဲ့ ၀ိုင်းစုနဲ့အောင်လတို့ ချစ်စုံတွဲ ရဲ့ တက်တူးအဓိပ္ပယ်ကိုတော့ သူတို့နှစ်ယောက်မှလွဲ…ဘယ်သူမှ သေသေချာချာမသိနိုင်ပေမယ့် ကြည်နူးစရာတော့ကောင်းလှပါတယ်…ပရိသတ်ကြီးရေ….
Aung
သတင်းအရင်းမြစ် ၀ိုင်းစုခိုင်သိန်း၊အောင်လ ဖေ့စ်ဘွတ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။