ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ဟာ အရမ်းကိုချစ်ကြတဲ့ ဇနီးမောင်နှံလေး ဖြစ်ပါတယ်။ သူတို့နှစ်ဦးက သားသမီး ၄ ယောက် ဖွားမြင်ခဲ့ပြီး သားလေးတွေ သမီးလေးတွေကို အရမ်းချစ်ကြတာကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံထားရတာ ဖြစ်ပါတယ် ။

Google
Google
Google

အသက် ၄၈ နှစ်အရွယ်ရှိတဲ့ ဗစ်တိုးရီးယားဘက်ခမ်းဟာဆိုရင် မကြာသေးမီက သူမရဲ့ သမီး အငယ်ဆုံးလေးHarper တစ်ယောက် သူမရဲ့ နှုတ်ခမ်းနီတွေနဲ့ အလှပြင်နေတဲ့ ပုံရိပ်လေးကို အင်စတာဂရမ်ကနေတဆင့် ဝေမျှပေးလာခဲ့ပါတယ်။ ဓာတ်ပုံလေးထဲမှာ အမေဖြစ်သူရဲ့ နှုတ်ခမ်းနီကို ပျော်ပျော်ရွှင်ရွှင် ဆိုးပြီး ပျော်နေတဲ့ Harper လေးကို တွေ့ရမှာပါနော်။ 

Instagram
Instagram
Instagram
Instagram
Instagram

အသက် ၁၀ နှစ်သာရှိနေသေးပေမယ့် ဖေဖေ ၊ မေမေတို့ရဲ့ အသည်းကျော်လေး Harper လေးကတော့ တကယ်ကိုလှချင်နေပါပြီနော်။ မှန်ကြိုက်ခင်လေး Haper လေးရဲ့ နှုတ်ခမ်းနီလေး ဆိုးနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

Google
Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။