အေးဝတ်ရည်သောင်း၊ နှင်းဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းဆိုတာ ရုပ်ချင်းခွဲရခက်အောင်အမြွှာတွေလို တူကြတဲ့ညီ အစ်မ တွေပါ။

အငယ်ဆုံးမလေးဖြစ်တဲ့ ဆွိဝတ်ရည်သောင်း ကလည်း မအေးသောင်းလိုပဲ ကိုယ်လုံးလှလှလေးနဲ့ ချစ်ဖို့ကောင်းပါတယ်နော်။

မကြာသေးခင်က သူ့အမရဲ့ မအေးသောင်းရဲ့ ဘန်ကောက်မှာ ပြုလုပ်တဲ့ မင်္ဂလာပွဲကို လှလှလေး တက်ရောက်ခဲ့ပါသေးတယ်။

သူ့အမရဲ့ မင်္ဂလာဆောင်ကိုတက်ရောက်စဉ်မှာ အရမ်းကိုလှလွန်းခဲ့တာကြောင့် သူမကိုလူသိပိုများလာခဲ့ပါတယ်။

သူမအမ မင်္ဂလာပွဲ ပြီး မကြာခင်မှာပဲ အဆိုတော်ကိုကျားပေါက် လို့လူတွေခေါ်ကြတဲ့ ကိုဟန်ထူးလွင်နဲ့ ချစ်သူတွေ ချစ်နေကြောင်းသူမရဲ့ social media မှာတရားဝင် ဖော်ပြထားခဲ့ပါသေးတယ်။

ဆံပင်ရှည်ရှည် လေးနဲ့ ချစ်စရာကောင်းတဲ့ သူမဟာ အခုတော့ဆံပင်တိုလေးနဲ့ ခပ်လန်းလန်းဆံတိုမလေးဖြစ်နေပါပြီနော်။
ဆံပင်လေးညှပ်လိုက်တော့ ပိုပြီးနုဖက် သွားပြီး အရင်ကနဲ့ ကွဲထွက်သွားတာတော့အမှန်ပါပဲ။

ကဲ ဆံပင်တိုလေးနဲ့ ဆွိဝတ်ရည်သောင်းပုံလေးတွေကို ပရိတ်သတ်ကြီးမြင်တွေ့ဖို့အတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။
Source from Sweet Wutt Yi Thaung's Facebook
Photos credit from Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။