တေးသံရှင် အဆိုတော် အိမ့်ချစ်ဟာဆိုရင် အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုလေ့ရှိတဲ့ သူဖြစ်ပါတယ်။ သူမရဲ့ အဖေက အဆိုတော် ချစ်ကောင်း ဖြစ်ပြီး သားအဖ နှစ်ယောက်စလုံး အနုပညာ လမ်းကြောင်းထက်ဆီကို ရောက်ရှိနေတာ ဖြစ်ပါတယ်။

Eaint Chit’s Facebook 
Eaint Chit’s Facebook 

လက်ရှိမှာ အဆိုတော် အိမ့်ချစ်က သူမရဲ့ ရင်သွေးဦး​လေးကို ကိုယ်ဝန်ဆောင်ထားရတာ(၃၁ ပတ်) ၇ လကျော်သွားပြီ ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ရင့်မာနေတဲ့အချိန် ၃၁ ပတ်ကာလမှာ သူမကြုံတွေ့ခဲ့ရတာတွေကို အဆိုတော် အိမ့်ချစ်က အခုလိုလေး ဖော်ပြပေးလာခဲ့ပါတယ်။ 

Eaint Chit’s Facebook 

"Pregnancy 31 weeks ?

ခုဆိုဗိုက်ထဲမှာ Amara လေးတိုးလွန်းလို့

အိပ်ရေးတွေစပျက်နေပါပြီ ?

ညညတွေဆိုလဲ ဗိုက်ဆာတာမှတအား ?

ခြေဆစ်လက်ဆစ်လေးတွေလဲကိုက်လာတယ် ?

ကံကောင်းတာတစ်ခုကတော့ ကိုယ်ဝန်စရှိကတည်းက

အရမ်းဝပြီးဖောသွပ်မလာတာပဲ 

ကိုယ်အလေးချိန်ကတော့တက်ပါတယ်

Eaint Chit’s Facebook 
Eaint Chit’s Facebook 

ကိုယ့်မှာမဝလို့ကလေးထွားရဲ့လားဆိုက်ကိုဖြစ်နေပေမယ့်

Amara လေးကကိုယ်ဝန် ၃၁ပတ်မှာ ၃ပေါင် ၁၀အောင်စ

ဖြစ်နေပြီဒါပုံမှန်ပဲလို့ OG ကပြောမှပဲ စိတ်ချမ်းသာရ ❤️

31 weeks ရဲ့အမှတ်တရများ ??”

Eaint Chit’s Facebook 

တေးသံရှင် အိမ့်ချစ်ကတော့ သမီးဦးလေးကို အရမ်းချစ်လွန်းလို့ နေမထိ ထိုင်မသာတွေ ဖြစ်နေပါပြီနော်။ မကြာခင်မှာ လူ့လောကထဲကို ရောက်ရှိလာတော့မယ့် ချစ်လှစွာသောသမီးလေးအတွက် စိတ်လှုပ်ရှားနေတဲ့ အဆိုတော်အိမ့်ချစ်အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။