ရှေးယခင်ကနဲ့မတူညီတဲ့ အနုပညာ လုပ်ဆောင်ချက်ကို အခုနေ ထုတ်ဖော်ပြသလိုက်မယ်ဆိုရင် အောင်မြင်မယ်လို့စာရေးသူယုံကြည်မိပါတယ်။ဆိုကြပါစို့ လက်တလောထွက်ရှိခဲ့တဲ့ “ည” ဇာတ်ကား ၊ တစ်ချိန်က ဆန်းသစ်စွာထွက်ပေါ်လာတဲ့ “ဘီလူး” ဇာတ်ကား အစရှိတဲ့ ဇာတ်ကားတွေက ပရိသတ်တော်တော်လေး အားပေးခဲ့တာကို မျက်ဝါးထင်ထင်မြင်ခဲ့ပါတယ်။ တစ်ချိန်တုန်းကလည်း “မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်” ဆိုတဲ့ဇာတ်ကားဆိုရင်လည်း ခင်သီတာထွန်းဆိုတဲ့ အက်ရှင်မင်းသမီးကို ပရိသတ်က အသိအမှတ်ပြုအားပေးခဲ့ပါတယ်။ ည မှာ သရုပ်ဆောင်အသစ်တွေ၊ဘီလူးမှာ ဗေလုဝနဲ့ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် မှာ ခင်သီတာထွန်းတို့ကို ပရိသတ်လက်ခံတာက မတူညီတဲ့ ဇာတ်ဆောင်တွေ ထွက်ပေါ်လာလို့ပါပဲ။

အလားတူ ဗီဒီယို လောက မှာလည်း အက်ရှင်မင်းသမီးအဖြစ် ပရိသတ်တွေ ကြိုက်နှစ်သက်အားပေးထားတဲ့ မင်းသမီး ယဉ်လက် ပေါ်ထွက်လာခြင်းက အက်ရှင်အသားပေးဇာတ်ကားတွေမှာ မင်းသမီးတွေ ရင်ဘောင်တန်းလာနိုင်ပြီး ဆိုတာပါပဲ။လူမှုကွန်ရက်စာမျက်နှာမှာတော့ “လက်ယဉ်တဲ့ ယဉ်လက်” ဆိုပြီး ဆိုကြထားလေရဲ့…။ အမျိုးသမီး သရုပ်ဆောင်ပါ၀င်တဲ့ အက်ရှင်အသားပေး ရုပ်ရှင်ဇာတ်ကား “မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်” ကို တဖန် အေးမြတ်သူ၊နေမင်းတို့နဲ့အတူ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားအောင်မြင်မှုကလည်း ပရိသတ်တွေ ကြားသိတဲ့အတိုင်းပါပဲ။လက်တလောမှာလည်း သရုပ်ဆောင်မင်းသမီး ယဉ်လက် ပါ၀င်တဲ့ ဇာတ်ကားတွေကတော့ ဗီဒီယို ဇာတ်ကားတွေဆိုပေမယ့် ပရိသတ်ကတော့ အသိအမှတ်ပြုအားပေးလျက်ရှိပါတယ်။ အက်ရှင်မင်းသမီးချောလေး ယဉ်လက်က တိုက်ကွမ်ဒို ခါးပတ်နက်ရရှိထားသူတစ်ယောက်ပါ။

မကြာခင် မြန်မာ့ ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်မှာ ပြသမယ့် သရာစောထိ အမည်ရှိ ရုပ်ရှင်ဇာတ်ကား မှာတော့ ထွန်းထွန်း၊ယုသန္တာတင်၊ယဉ်လက်၊ကိုပြည့် အပါအဝင် အနုပညာ သရုပ်ဆောင်များစွာ ပါ၀င်သရုပ်ဆောင်ထားလို့ အဲ့ဇာတ်ကားမှာ ယဉ်လက် ကို အားပေးကြည့်ရှုနိုင်မှာပါ။ မကြာသေးခင်ကထွက်ရှိထားတဲ့ "ပေါက်ကျော်မရဲ့ရိုက်ချက်" ဇာတ်ကားဆိုရင်လည်း ယဉ်လက်၊ မိုးဒီကံပွင့်၊ ကောင်းစံ၊ စန်းလွင်၊ ကျော်သူရ၊ မင်းညို၊၊ မင်းဇော်လေး၊ သံမဏိ၊ ဒီရဲဂျာ၊ အိုက်ဦး၊ ဂမုန်း၊ ကိုမြင့်၊ နတ်မောက်၊ ရဲမောင်၊ လှိုင်ဘွားအောင်၊ ထက်ကျော်ကျော်၊ နေရဲထက်၊ စိုးလွင်ငြိမ်း၊ ကျော်မိုး၊ ရတနာခိုင်၊ ဘိုမ၊ မခင်လေး၊ ၀ါ၀ါ၊ နှင်းပန်းအိန္ဒြေ၊ နန်းခမ်းဝါ၊ ခြူ းအိမ်နွယ်၊သီရိဆွေ၊ လဲ့လဲ့၊ ကလေးသရုပ်ဆောင် - အားကိုးရာ၊အောင်သော်ဇင်၊ ထက်မြတ်၊ ဥက္ကာလွင်၊ ဖွဲနောင်ချို တို့ကပါ၀င်သရုပ်ဆောင်ထားကြပြီး မျက်ခြယ် ဗီဒီယိုဖြန့်ချိရေးက ဖြန့်ချီမှာပဲဖြစ်ပါတယ်။ ယဉ်လက်ဇာတ်ကားတွေက အမျိုးသမီးဇာတ်ဆောင်အသားပေးအက်ရှင်ဇာတ်ကားတွေဖြစ်လို့ စာရေးသူလည်း ဒီလိုဇာတ်ကားတွေကို ရှိရင်းစွဲထက် ပိုကောင်းမွန်အောင်ကြိုးစားအားထုတ်ရင် မတူညီတဲ့ အနုပညာရသတစ်ခုကို ပရိသတ်ကြီးအတွက် မိတ်ဆက်ပေးဖို့မျှော်လင့်မိကြောင်း…ယူဆမိပါတယ်။

Aung

သတင်းအရင်းမြစ် လူမှုကွန်ရက်စာမျက်နှာများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။