တောင်ကိုရီးယားမင်းသမီး Ha Ji-won ဟာဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကြီးအောင်မြင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ တည်ကြည်တဲ့ မျက်နှာလေးနဲ့ အရမ်းကို ကျက်သရေရှိလှတဲ့ Ha Ji-won ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲတွေထဲမှာ နာမည်အကြီးဆုံးဇာတ်လမ်းတွေက Secret Garden နဲ့ Empress Ki ဇာတ်လမ်းပဲဖြစ်ပါတယ်။  မြန်မာပြည်က ပရိသတ်တော်တော်များများကတော့ သူမကို Empress Ki ဇာတ်လမ်းနဲ့သိခဲ့ကြတာဖြစ်ပါတယ်။

Google
Google
Google

တောင်ကိုရီးယားမင်းသမီး Ha Ji-won ဟာ မောင်ဖြစ်သူ သရုပ်ဆောင် Jun Tae-soo ကွယ်လွန်သွားခဲ့တဲ့ အချိန်ကနေစတင်ပြီး အနုပညာ လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခြင်းမရှိတော့ပါဘူး။ Ha Ji-won ရဲ့မောင်လေး Jun Tae-soo ဟာဆိုရင် သူ့ရဲ့ ဖခင်ကြီး ကွယ်လွန်သွားပြီး ၂ နှစ်အကြာမှာ သေကြောင်းကြံစည်ခဲ့တဲ့ သူဖြစ်ပါတယ်။

Google
Google

လူအများနဲ့ အမဖြစ်သူ Ha Ji-won ကိုယ်တိုင် Jun Tae-soo ရဲ့ သေဆုံးမှုကို သေကြောင်းကြံစည်မှုလို့ အတည်ပြုပေးထားပါတယ်။ အရမ်းချစ်ရတဲ့ မောင်လေးကို ဆုံးရှုံးခဲ့ရတာကြောင့် မောင်ဖြစ်သူ သေဆုံးသွားတဲ့ အချိန်မှာ Ha Ji-won တစ်ယောက် ဖြေမဆည်နိုင်အောင် ဝမ်းနည်းခဲ့ပါတယ်။ မောင်ဖြစ်သူရဲ့ သေဆုံးမှုက Ha Ji-won အတွက် ဘယ်လောက်ထိ ရိုက်ခတ်သွားလဲဆိုရင် Ha Ji-won ကို အနုပညာ လမ်းကြောင်းထက်ဆီမှာ ထပ်ပြီး မတွေ့ရတော့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။

Google
Google
Google
Google

Ha Ji-won ရဲ့ သရုပ်ဆောင်ချက်ကို ပရိသတ်တွေ တော်တော်များများက ကြိုက်နှစ်သတ်ကြတာကြောင့် ငယ်ရွယ်စဉ်အချိန်မှာ ရုပ်ရှင်ဇာတ်လမ်းတွေ အများကြီး ရိုက်ကူးပေးဖို့ မျှော်လင့်ခဲ့ကြပေမယ့် Ha Ji-won ကို အနုပညာ လှုပ်ရှားမှုတွေမှာ သိပ်ပြီး မတွေ့ရတော့ပါဘူး။ Ha Ji-won က လက်ရှိမှာ အသက် ၄၄ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ ငယ်ရွယ်မှုကို ပရိသတ်တွေက နှမြောတသဖြစ်နေကြပါတယ်။

Google
Google

မကြာသေးမီအချိန်မှာတော့ Ha Ji-won က Curtain Call ဆိုတဲ့ ဇာတ်လမ်းထဲမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ Ha Ji-won တစ်ယောက် အနုပညာလှုပ်ရှားမှုထက်မှာ အောင်မြင်မှုတွေ ပြန်ပြီး ရရှိလာနိုင်မလားဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကောင်းလေးတွေနဲ့ မျှော်နေပါတယ်နော် မမ Ha Ji-won ရေ ..

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။