အဆိုတော် သားဂန်းနဲ့ မော်ဒယ် ဘေဘီမောင်တို့အတွဲကို အားလုံးပဲ သိကြလိမ့်မယ်လို့ထင်ပါတယ်။ မနဲ့မောင် အချစ်ဇာတ်လမ်းဆိုသလို သားဂန်းက မမဘေဘီမောင်နဲ့ အကြောင်းပါပြီး အခုဆိုရင် ဘေဘီလေးရဲ့ဖေဖေတောင်ဖြစ်တော့မှာပါနော်။

သားဂန်းအပေါ် ဘေဘီမောင်က အရမ်းချစ်သလို သားဂန်းကလဲ မိန်းမအပေါ် သိပ်ချစ်ပြီး ဂရုစိုက်တတ်သူပါနော်။ ဒါတင်မကပဲ မိန်းမစကားဆို တစ်ခွန်းတည်းနဲ့ နားထောင်တတ်ပြီး အပေါင်းလည်းမမက်လို့ ဘေဘီမောင်တစ်ယောက် သိပ်ကံကောင်းတယ်လို့ဆိုရမှာပါပဲ။

မိန်းမရဲ့ အလုပ်တွေကိုလည်း သာတယ်နာတယ်မထားပဲ ကူညီလုပ်ကိုင်ပေးတတ်ပြီး အရမ်းအားကိုးရတဲ့သူပါ။ ကိုကိုတွေပဲယူမှ စိတ်ချမ်းသာရတာမဟုတ်ပဲ လိမ္မာတဲ့မောင်လေးတွေရရင်လည်း ဘဝကြီးကကံကောင်းနိုင်ပါသေးတယ်နော်...

ယောက်ျားရဲ့ အချစ်တွေနဲ့ စိတ်ချမ်းသာနေနဲ့ဘေဘီမောင်ကတော့ ဗိုက်ကြီးနေတာတောင်အလှမပျက်တဲ့အပြင် ပိုပိုပြီးလှလှလာတာ ကို ပရိတ်သတ်ကြီးလည်းသတိထားမိမှာပါ။ မကြာသေးခင်ကလည်း သမီးလေးမမွေးခင် ကိုယ်ဝန်သည်ဘဝ အမှတ်တရ ပုံလေးတွေကို ချစ်ခင်ပွန်းနဲ့အတူရိုက်ရင်း Ro ထားပါသေးတယ်...

အခုလည်းသူမတစ်ကိုယ်တော် ပုံလေးကို တင်ပြီး သူမပုံထဲမှာ ဝတ်ထားတဲ့ ဝတ်စုံက သူမအပျိုဘဝထဲက ဝတ်ထားခဲ့တဲ့ ဝတ်စုံဖြစ်ပြီး ဗိုက်ကြီးလာတာတောင် အပျိုလေးတုန်းက ဝတ်စုံလေးကို တော်သေးကြောင်းပြောပြခဲ့ပါတယ်...

တခြားသူတွေဗိုက်ကြီးရင် အရမ်းကို ဝလာတတ်ကြပေမယ့်သူကတော့ ခန္ဓာကိုယ် အချိုးအစားကို အကောင်းဆုံးထိန်းထားနိုင်တာ ချီးကျူးစရာပါပဲနော်...

မေမေလှလှလေးက သမီးလှလှလေးကို မွေးဖို့သိပ်မလိုတော့ဘူးနော်...

Source from Baby Maung Facebook

Photos credit from Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။