တောင်ကိုရီးယားမင်းသမီး Song Hye Kyo နဲ့ မင်းသား Yoo Ah In တို့ဟာ အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ယောကျာ်းလေးနဲ့ မိန်းကလေး သူငယ်ချင်းတွေ ဖြစ်နေကြတဲ့ ဆက်ဆံရေးတွေက ပေါများပါတယ်။ ဒါပေမယ့်လည်း Song Hye Kyo နဲ့ မင်းသား Yoo Ah In တို့လိုမျိုး ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြတဲ့ အနုပညာရှင်တွေကတော့ အရမ်းကို ရှားပါတယ်။

Google
Google
Google
Google

Song Hye Kyo နဲ့ မင်းသား Yoo Ah In တို့က ဘယ်လောက်ထိ ရင်းနှီးကြလဲဆိုရင် သူတို့နှစ်ဦးက အတူတူတောင် တွဲပြီး သရုပ်မဆောင်ကြပါဘူး။ ဘာလို့ဆို သူတို့နှစ်ဦးမှာ အရမ်းကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလို့ ဖြစ်တာကြောင့်လို့ သိရပါတယ်။ မင်းသား Yoo Ah In က Song Hye Kyo ရဲ့ ခင်ပွန်းဟောင်း ဖြစ်ဖူးတဲ့ Song Joong Ki နဲ့လည်း အရမ်းကို ရင်းနှီးတဲ့သူဖြစ်ပါတယ်။ Song – Song အတွဲက ကွာရှင်းသွားကြပြီဆိုပေမယ့် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးကြောင့် Yoo Ah In နဲ့ Song Hye Kyo တို့ရဲ့ သူငယ်ချင်းဆက်ဆံရေးက ပျက်မသွားခဲ့ပါဘူး။ အချစ်ဆုံး သူငယ်ချင်းတွေထက်ပိုတဲ့ မောင်နှမ ဆက်ဆံရေးထက် ခင်မင်ရင်းနှီးနေကြတုန်းပဲဖြစ်ပါတယ်။

Google
Google
Google

Yoo Ah In နဲ့ Song Hye Kyo တို့က အသက် ၅ နှစ်ငယ် ၅ နှစ်ကြီးဖြစ်ပြီး gender လည်း မတူကြပေမယ့် သူတို့နှစ်မှာရှိတဲ့ တူညီတဲ့ အချက်ကတော့ သူငယ်ချင်းသံယောဇဉ် ပဲ ဖြစ်ပါတယ်။ ပိုပြီးတော့ထူးခြားချက်တော့ သူတို့နှစ်ဦးက အမြဲတမ်း တတွဲတွဲနဲ့ ရင်းရင်းနှီးနှီးတွေ့ရပေမယ့် ဘယ်သူကမှ တွဲနေကြတယ်လို့ မထင်ကြပါဘူး။

Google
Google

ဘာကြောင့်လဲဆိုတော့ နှစ်ဦးသားရဲ့ ခင်မင်ရင်းနှီးမှုက ဖြေရှင်းချက် ပေးစရာ မလိုလောက်အောင်ကို ခိုင်မြဲနေလို့ပဲဖြစ်ပါတယ်။ Yoo Ah In နဲ့ Song Hye Kyo တို့ရဲ့ သူငယ်ချင်းတွေထက်ပိုတဲ့ ဆက်ဆံရေးလေးကို ဖော်ပြရင်း အခုအကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။